ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အနာဂတ်အခွင့်အလမ်းများနဲ့သီဟိုဠ်ကုန်ချောပြည်ပသို့ တိုက်ရိုက်တင်ပို့တော့မည်

Wed, 05/25/2016 - 07:28 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ပပို့ကုန်များတွင် တစ်ခု အပါအဝင်ဖြစ်တဲ့ နှစ်ရှည်သီးနှံသီဟိုဠ်စေ့မှာ ရာသီကုန်စည်အဖြစ် ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ဝင်ရောက်ပြီး ဧပြီ၊ မေ မိုးရွာသွန်းချိန် အစေ့မှာ မိုးထိပါက မဲ သွားပြီး၊ သီဟိုဠ်ရာသီပြီးဆုံးသွားကြောင်း ပုသိမ်မြို့ ပတ်ဝန်းကျင်မြို့နယ်^ကျေးရွာများမှ သီဟိုဠ်ထွက်ရှိချိန် ကုန်ကြမ်းများကို မြို့ပေါ်တွင် အဝယ်ဒိုင် (၁၀)ခုခန့်နှင့်ဝယ်ယူပြီး ပုသိမ်မြို့ပေါ်တွင် သီဟိုဠ်ကုန်ချောထုတ်လုပ်သည့် သရဖူအလုပ်ရုံ သာ ရှိ၍ ဈေးကွက်ရှိကုန်ကြမ်းများကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချမှု ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။    သာပေါင်းမြို့နယ် ကြက်သွန်ကွင်းကျေး ရွာနေ ဧရာဝတီတိုင်း ဒေသကြီး သီဟိုဠ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးရဲဒင်က မိမိတို့ မြို့နယ်တွင်  သီဟိုဠ်စိုက်ဧက ၁၂၀၀၀ ကျော်ရှိပြီး သီဟိုဠ်စေ့ ကုန်ကြမ်းကို ရောင်းချရခြင်းထက် ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချ နိုင်လျှင် အကျိုးအမြတ်ပိုမိုရရှိ၍ မိမိတို့ဒေသပိုမိုဖွံ့ဖြိုး လာနိုင်ပြီး၊ ဒေသခံ များ လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာမှာဖြစ် ကြောင်း၊ ယခင်သီဟိုဠ်ထွက်ရှိချိန် ပုသိမ်ဈေးကွက်သို့ သွားရောက် ရောင်းချရာတွင် ခြံရှင်များမှာ ကားတန်ဆာခနှင့် သွားလာစရိတ်များ ကုန်ကျမှုရှိပြီး၊ ယခုအခါ မိမိတို့ မှာ ကုန်ချောထုတ်လုပ်ရန် အဝယ်ဒိုင် ဖွင့်လှစ်၍ မြို့ပေါ်ပေါက်ဈေးနှုန်းအတိုင်း ဈေးဖွင့်ဝယ်ယူသဖြင့် အချိန်ကုန်၊ ငွေကြေးကုန်ကျစရိတ်များ လျှော့ချနိုင်တာကြောင့် ဒေသခံ သီဟိုဠ်ခြံရှင်များ ပို၍အဆင်ပြေသွားကြောင်း သိရပါ တယ် ။ သီဟိုဠ်စေ့ ကုန်ချောထုတ်လုပ်ခြင်းကို ၂၀၁၅ ခုနှစ်တွင် လုပ်သားအင်အား ၂၀^၂၅ ဦးဖြင့် စတင်ခဲ့ရာ ယခု ၂၀၁၆ ရာသီမှာ လုပ်သားအင်အား ၃၅^၄၀ ဦး တိုးချဲ့ဆောင်ရွက်နိုင်ပြီး၊ လာမည့် ရာသီမှာ လုပ်ငန်းကို ထပ်မံတိုးချဲ့နိုင် ရန် စီစဉ်ဆောင်ရွက်ထားကြောင်း ၎င်းင်းကပြောပါတယ်။သီဟိုဠ်ကုန်ကြမ်း သိုလှောင်ရာတွင် ငါးရက် ခန့် နေပူလှမ်းပြီး သိုလှောင်ရကြောင်း၊ သိုလှောင်ရာတွင် သီဟိုဠ်စေ့မှာ အစိုဓါတ်ရှိလို့ မရဘဲ အစိုဓါတ်ရှိလျှင် မှိုလိုက်လာကာ  ပျက်သွားကြောင်း၊ ယခုနှစ် တွင် ကုန်ချောထုတ်လုပ်ရန် သီဟိုဠ်စေ့ ကုန်ကြမ်း ပိဿာချိန် တစ်သိန်းခွဲနှစ်သိန်းခန့် သိုလှောင်ထားကြောင်း၊ နှစ်ပတ်လည် ကုန်ချောထုတ်လုပ်၍ ရန်ကုန်မြို့သို့ တစ်လလျှင် တစ်ခေါက်နှု န်းဖြင့် ကီလို ၃၀၀၀ ခန့်ကို KKL ကုမ္ပဏီသို့ တင်ပို့ပြီး၊ ၎င်းမှ တစ်ဆင့် ပြည်ပ နိုင်ငံများသို့ တင်ပို့မှုရှိကြောင်း၊ နောက်ပိုင်းနှစ်များတွင် ကုမ္ပဏီ ထူထောင်၍ ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်သွား မှာဖြစ်ကြောင်း ၊ သီဟိုဠ်ကုန်ချောထုတ်လုပ်ရာတွင် ကုန်ကြမ်းကို မီးသွေး၊ ထင်းမီးဖိုနှင့် ပေါင်းပြီး တစ်ခါပေါင်းလျှင် ပိဿာချိန် ၂၀ ခန့် ပေါင်း၍ ပေါင်းပြီးသား သီဟိုဠ်စေ့ကို ဆန်ကာ၊ ဗန်းနှင့်ထည့်ကာ ၁၂ နာရီခန့် ကြာအောင်အပူပေး မီးကင် ရကြောင်း၊ မီးကင်ပြီး ရရှိတဲ့ သီဟိုဠ်စေ့ကို ခွဲစက်တင် အခွံခွာ၍ အဆံကို သီးသန့်ထုတ်ယူပါက၊ သီဟိုဠ်စေ့ကုန်ချောများကို ရရှိကြောင်း၊ လုပ်အားခအနေဖြင့် အနိမ့် ဆုံး အလုပ်သင်သူကို ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ ပေး ရပြီး၊ နေ လှမ်း တဲ့ နေ့စားကို တစ်နေ့ ကျပ် ၃၀၀၀ မှ ၄၀၀၀ ပေးရကြောင်းနှင့် သီဟိုဠ်စေ့ ကုန်ချောခြစ်သူမှာလည်း တစ်နေ့ဝင်ငွေ ကျပ် ၃၀၀၀ မှ ကျပ် ကျပ် ၄၀၀၀ အထိဝင်ငွေရရှိကြောင်း၊ သီဟိုဠ်စေ့ ကုန်ချောကို လုံးချောခြမ်း ဝိုင်း (၁)၊ (၂)၊ (၃) ဟူ၍ခွဲခြားထားပြီး ဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ မန္တလေး၊ရန်ကုန်မြို့ရှိ ထိုးမုန့်လုပ်ငန်းရှင် နှင့် မုန့်လုပ်ငန်းရှင်များ၊ ဒန်ပေါက်ဆိုင်များ၊ အအေးဆိုင်များ၊ ဟိုတယ် များတွင် ပြည်တွင်းစားသုံးမှု အနေဖြင့် ဈေးကွက်သို့ ရောင်းချပြီး၊ ပြည်ပဈေးကွက်သို့ လုံးချောအဆင့်သာ တင်ပို့ရောင်းချကြောင်း ကြက်သွန်ကွင်းကျေးရွာနေ သီဟိုဠ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲဒင်ကပြော ပါတယ်။ သီဟိုဠ်စေ့မှာ ဓာတ်မြေသြဇာမသုံး တဲ့ သဘာဝအော်ဂဲနစ်သီးနှံဖြစ်ပြီး၊ စားသုံးသူများ အန္တရာယ်ကင်းရှင်းမှု ရှိကြောင်း ၎င်းင်းက ပြောကြားခဲ့ပါတယ်။စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွေးသိမ်း က ထုတ် ကုန်များ ထုတ်လုပ်ရောင်းချရာတွင် ထုပ်ပိုးမှု ပါကင် အရည်အသွေ ကောင်းရန်လည်း လိုအပ်ကြောင်း၊ သီဟိုဠ်စေ့ အရည်အသွေးမီရန် သာမက မိမိထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ ရန်အတွက် ထုပ်ပိုးမှု၊ ပါကင်အရည်အသွေး စံချိန်စံညွှန်းမီရန်လည်း လိုအပ်၍ သီဟိုဠ်စေ့ အရည် အသွေးသာမက မိမိထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် လည်း လုပ်ငန်းရှင်များမှ အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသွားပါတယ်။

မင်းမင်းဦး (ပုသိမ်)်

Border Trade News

Pages