စမုံနက်နှမ်း ပြည်ပအဝယ်လိုက်၍ ဈေးမြင့်

Fri, 05/13/2016 - 07:23 -- admin_ygn

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနီနဲ့နှမ်းနက် ဈေးငြိမ်နေသော်လည်း စမုံနက်နှမ်းဈေးမြင့်တက်လာတာ တွေ့ရပါတယ်။ ပြည်ပဝယ်လက်များရှိလာခြင်း၊ ဈေးကွက် တွင် လက်ကျန်နည်းလာခြင်း တို့ကြောင့် ဈေးမြင့် လာတာ တွေ့ ရပါတယ်။ ယခင်နှစ်ယခုလို အချိန်တွင် စမုံနက်နှမ်းမှာ ပြည်ပဝယ် လက်သိပ်မရှိသလို ယခုနှစ်လောက် ဈေးသိပ် မမြင့်ခဲ့ပေမယ့် အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့တာတွေ့ ရပါ တယ်။ နှမ်းဈေးမှာ စမုံနက်နှမ်းတစ်တင်းလျှင် ၆၂၀၀၀ ကျပ် ၊ နှမ်းနီတစ်တင်းလျှင် ၂၃၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်းလျှင် ၃၃၀၀၀ ကျပ်နဲ့ ဈေးဖြစ်နေတာတွေ့ ရပါတယ်။ ယခုနှစ်တွင် စမုံနက်နှမ်းဈေးမှာ တစ်တင်းလျှင် ၆၀၀၀ ကျပ်၊ နှမ်းနီ တစ် တင်းလျှင် ၂၈၀၀၀ ကျပ်နှင့် နှမ်းနက်တစ်တင်း လျှင် ၃၂၀၀၀ ကျပ်နဲ့ ဈေးဖြစ်ခဲ့တာတွေ့ရပါတယ်။

ဝေေ၀မင်း

Border Trade News

Pages