Anonymous

အင်ဒိုနီးရှားနိုင်ငံတွင် အစိုးရမှ ပြည်တွင်းရော်ဘာကုန်ချောထုတ်လုပ်သည့် လုပ် ငန်းကို အထောက်အကူဖြစ်ရေးအတွက် ရော်ဘာတင်ပို့မှုအပေါ် တင်ပို့ခွန် စည်းကြပ်ရန် စီစဉ်နေမှုကို ရော်ဘာထုတ်လုပ်သူများက ဆန့်ကျင် လျှက်ရှိသည် ။ ပြည်တွင်း ရော်ဘာ လုပ်ငန်းတွင် ပါဝင်သူများကမူ တင်ပို့ခွန် စည်းကြမ်မည့်အစား အကျဖက်ဖြစ်နေသော ရော်ဘာအခြေခံ ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်စေမည့် အခွန်အခမက်လုံးများ ဖြင့် အကူ အညီပေးလျှင် ပို၍ကောင်းမည် မျှော်လင့်ကြခြင်းဖြစ်သည်။ တာယာထုတ်လုပ် ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြင့်တက်စေရန် အသုံးပြုသည့် ကုန်ကြမ်း ပစ္စည်းများနှင့် အရင်းအနှီးပစ္စည်းများ တင်သွင်းမှုအပေါ် တွင် တင်သွင်းခွန် ဖယ်ရှားပေး နိုင်ကြောင်းထောက်ပြခဲ့ပါသည်။ အပြီးအစီးကုန်ချောထုတ်ကုန်များတွင် ကာဗွန်၊ ဆီလီကာနှင့် အထူးသဖြင့် ဓါတုရော်ဘာအတွက် လိုအပ်သော စတီးဖိုင်ဘာ၊ နိုင်လွန်၊ ဝိုင်ယာကဲ့သို့ ကုန်ကြမ်း

Anonymous

မိုဇမ်ဘစ်နိုင်ငံ ပြည်နယ်(၈) ခုတွင် ယခုနှစ်၌ သီဟိုပျိုးပင် ၃.၃ သန်း စိုက်ပျိုးသွား ရန်ရှိ ကြောင်း နိုင်ငံ၏ အမျိုးသားသီဟိုသင်တန်းကျောင်း (National Cashew Institute) မှ ပြောကြားခဲ့ပါသည်။ ပြည်နယ်(၈) ခုတွင် ပျိုးပင် များထုတ်လုပ်ပြီး လူဦးရေ ၆၀၀၀၀ အကျိုးခံစားခွင့်ရမည်ဖြစ်ပါသည်။ နိုင်ငံတောင်ပိုင်းရှိ သီဟိုအများဆုံး ထုတ် လုပ်သော အင်ဟမ်ဘင်းပြည်နယ်တွင် ပျိုးးပင် ၃.၅ သိန်း ထုတ်လုပ်ခြင်းနှင့်အတူ သီဟို ပင် ၄.၅ သန်း

Anonymous

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သူအဖြစ် ဦးဆောင်လာခဲ့သည့် ထိုင်းနိုင်ငံနေရာကို အစားထိုးရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံ သည် အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာနိုင်ငံတို့ နှင့် ယှဉ်ပြိုင်ရန် နည်းဗျူဟာအသစ်များ ချမှတ်ရန်လိုပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၁၂ ခုနှစ် ပထမ ၃ လအတွင် ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလ တင်ပို့မှု ထက် လျော့နည်းနေသဖြင့် ၂၀၁၂ ခုနှစ် ဆန်တင်ပို့မှုမှာ စိမ်ခေါ်မှုများ၊ အခက်အခဲ များနှင့် အများအပြားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ စားနပ်ရိက္ခာ အသင်း(VFA)မှ ပြောကြားပါသည်။

Anonymous

ထိုင်းနိုင်ငံတွင် အစိုးရ၏ ဆန်ဝယ်ယူမှုအစီအစဉ်ကြောင့် exporters များ ကမ္ဘာ့ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုများ လျော့ကျ လာကာ ဇန္နဝါရီလတွင် နိုင်ငံ၏ ဆန်တင် ပို့မှုမှာ ယခင်နှစ် တင်ပို့နိုင်မှု တန်ချိန် ၉.၂၂ သိန်းမှ ၅၈% ကျဆင်းခဲ့ပြီး ၃၈၇၇၄၈ တန်သာ တင်ပို့နိုင်ခဲ့သဖြင့် ဆယ်စုနှစ်တစ်ခုအတွင်း တင်ပို့မှုအနည်းဆုံးလ ဖြစ်ခဲ့ ကြောင်း The Nation သတင်းစာ တွင် ဖော်ပြ ခဲ့ပါ သည်။

Anonymous

ပါကစ္စတန်နိုင်ငံ ဆန်တင်ပို့သူများအသင်း Rice Exporters Association of Pakistan (REAP) အသင်းက ဆန်တင်ပို့ခြင်း မှ ဒေါ်လာ(၂.၅) ဘီလီယံရရန်ရည်မှန်းထား‌သော်လည်း စွမ်အင်လျော့နည်းမှုနှင့်လက်ရှိဥပဒေအမိန့်အာဏာ များကြောင့်   ဒေါ်လာ (၂)ဘီလီယံအောက်သို့ လျော့ကျနိုင်ကြောင်း ဆန်တင်ပို့သူများက ဖေဖေါ်ဝါရီ (၇) ရက်နေ့ကဖေါ်ပြခဲ့ပါတယ်။ REAP ရုံးခန်းတွင် All Sindh and Balochinstal Rice Millers and Traders Association (ASBRMTA) ၏ အသစ်ဖွဲ့စည်း ထားသောအဖွဲ့မှဆန်ကုန်သွယ်မှုနှင့် ဆပ်စက်သည့် ဖော်ထုတ်ချက်များကို ဆွေးနွေးပြီး တောင်းဆိုချက်များကို ပေးခဲ့ပါ သည်။