ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲ

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနများရှိ ဝန်ထမ်းများအား ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ ကိုသိရှိပြီး ပေးအပ်သောတာဝန်အပေါ် စွမ်းဆောင်ရည်မြင့်မားစွာဖြင့်ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ(‌၁၇) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အရာထမ်းများအတွက်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)

၁။      ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဌာနတွင်း အရာထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)  Basic English Grammer and Speaking Course အား  (၃-၁၀-၂၀၂၂) ရက်နေ့ ၊ နေ့လယ်  (၁၄ : ဝဝ)  နာရီ အချိန်တွင် သင်တန်း  စတင်ဖွင့်လှစ် ခဲ့ပါသည်။

၂။         အဆိုပါ သင်တန်း မစတင်ခင် အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့သည် သင်တန်းတက်ရောက်လာသည့် သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပြီး ညွှန်ကြားရေး မှူးချုပ်မှ အမှာစကား ပြောကြားခဲ့ပါသည်။

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်မှု

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၂)ကို (၂၅-၄-၂၀၂၂) ရက်နေ့မှ (၁၇-၆-၂၀၂၂) ရက်နေ့ထိ ရုံးဖွင့်ရက်များ၌ နံနက်(၀၉:၄၅)နာရီမှ (၁၂:၂၀)နာရီ အထိ၊ ရက်သတ္တ(၈)ပတ်ကြာ သင်တန်းသား(၃၀)ဦးဖြင့် ဒေသတွင်းဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိ      ပါတယ်။

အမှုထမ်းများအတွက်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)

၁။      ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဌာနတွင်း အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)  Basic English Grammer and Speaking Course အား  (၅-၁၀-၂၀၂၂) ရက်နေ့ ၊ နေ့လယ်  (၁၄ : ဝဝ)  နာရီ အချိန်တွင် သင်တန်း  စတင်ဖွင့်လှစ် ခဲ့ပါသည်။

၂။         အဆိုပါ သင်တန်း မစတင်ခင် အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့သည် သင်တန်းတက်ရောက်လာသည့် သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပြီး ညွှန်ကြားရေး မှူးချုပ်မှ အမှာစကား ပြောကြားခဲ့ပါသည်။

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် COVID-19 ရောဂါဖြစ်ပွားမှုကာကွယ်ရန် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်ခဲ့သော ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ၁၈-၃-၂၀၂၁ (ကြာသပတေး‌နေ့)၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြေညီထပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဗဟိုဝန်ထမ်းတက္ကသိုလ် အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၈၈)နှင့် (၁၁၈)ဆင်းပွဲများကျင်းပ

 သတင်းအကျဉ်း

          ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၈)ကို (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း၊  (အောက်မြန်မာပြည်) အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ် (၁၁၈)ကို (၁-၂-၂၀၂၁) ရက်နေ့မှာလည်းကောင်း Virtual Online စနစ်ဖြင့် ဖွင့်လှစ်ခဲ့ပါတယ်။

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၁)

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း ဖွင့်လှစ်မှုသတင်း(အကျဉ်းချုပ်)

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို (၁၈-၁-၂၀၂၁) ရက်နေ့မှ (၁၈-၃-၂၀၂၁) ရက်နေ့ထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)ရှိ သင်တန်းခန်းမတွင် ဌာနခွဲအသီးသီးမှ သင်တန်းသား (၂၄)ဦးဖြင့် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက် များနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိပါတယ်။

Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂)

Tradenet 2.0 စနစ်အသုံးပြုမှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂) ဖွင့်လှစ်မှု သတင်း

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာနမှ Tradenet 2.0 အသုံးပြုမှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂)အား (၅-၉-၂၀၂၂) ရက်နေ့မှ (၉-၉-၂၀၂၂) ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲကို (၅-၉-၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့ပြီး   ကုန်သွယ်ရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြေားကြားခဲ့ပြီး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ညွှန်ကြားရေးမှူးတို့ တက်ရောက် ခဲ့ပါသည်။