ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဖွင့်ပွဲ
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဦးစီးဌာနများရှိ ဝန်ထမ်းများအား ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ ကိုသိရှိပြီး ပေးအပ်သောတာဝန်အပေါ် စွမ်းဆောင်ရည်မြင့်မားစွာဖြင့်ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ(၁၇) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။