Trade Promotion & MYANTRADE Organization ရက်တိုသင်တန်းဖွင့်လှစ်

Tue, 03/15/2016 - 09:10 -- admin_ygn

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၅၂) တွင် ၂၀၁၆ ခုနှစ်၊ မတ် ၇ ရက်၌    ''Trade Promotion & MYANTRADE Organization '' ရက်တိုသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ မတ် ၇ ရက်မှ ၈ ရက်  အထိ နှစ်ရက်တာဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါ တယ်။သင်တန်းကို မတ် ၇ ရက် နံနက် ၀၉း၃၀ နာရီ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး   ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။''Trade Promotion & MYANTRADE Organization'' သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက် မှာ ြ့ဗြွျှွဗီန ဖွဲ့စည်းရာတွင် အထောက် အကူဖြစ်စေပြီး ထိရောက်စွာ လုပ်ငန်းဆောင်ရွက်နိုင် ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားစေရေး၊ နိုင်ငံတကာ နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေး ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ပါ တယ်။ဆက်လက်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းMYANTRADE   ကို ဖွဲ့စည်းတည်ထောင် ဖို့ ဆောင်ရွက်နေခြင်းကလည်း မြန်မာနိုင်ငံကုန်သွယ် မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ   မူဝါဒများ အကောင်အထည်ဖော်ရာတွင်   ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ စက်မှုကဏ္ဍမှာ   ကုန်ထုတ်လုပ်မှု လုပ်ငန်းပြိုင်ဆိုင်မှု  ပိုမိုခိုင်မာလာစေရန်၊ ကုန်ထုတ် လုပ်ငန်းမှ ပို့ကုန်အမယ်များတိုးမြှင့်ရေး   ဆောင်ရွက် နိုင်ရန်၊ SME လုပ်ငန်းများအတွက် ပို့ကုန်ဈေးကွက်သစ်ရှာဖွေနိုင်ရန်၊ သတင်းအချက်အလက်  (IT )ဆိုင် ရာ ဝန်ဆောင်မှုများပေးရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ  ဖန်တီးပေးနိုင်ပြီး စီးပွားရေးစဉ်ဆက် မပြတ်တိုးတက်ရေးကို အထောက်အကူပြုနိုင်စေရန် အတွက် ဖြစ်ပါတယ်။
ဒီသင်တန်းမှာKOICAနှင့်KOTRAမှ ကျွမ်း ကျင်သူများနှင့် GIZ ကျွမ်းကျင်ပညာရှင်တို့က လာ ရောက်ပူးပေါင်းပြီး  ဌာနမှ အဆင့်မြင့်အရာထမ်းများနဲ့ အတူ သင်ကြားပို့ချပေးခဲ့ပါတယ်။သင်တန်းသို့ ကုန်သွယ်မှု     မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း ၇ ဦးနဲ့ အမှု ထမ်း ၂၄ ဦး၊ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၃၁ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။အလားတူ သင်တန်းမျိုးကို စီးပွားရေးနှင့်ကူး သန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ရန်ကုန်တိုင်းဒေသ ကြီးရုံးရှိ Trade Training Institute (TTI ) စတုတ္ထထပ် သင်တန်းခန်းမတွင်  မတ် ၉ ရက်မှ ၁၀ ရက်အထိ နှစ် ရက်ထပ်မံဖွင့်လှစ်ခဲ့ကြောင်းနှင့် သင်တန်းသို့ ကုန် သွယ်မှုမြှင့်တင်ရေးနှင့်   စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း ၁၂ ဦး၊ အမှုထမ်း ၂၀ ဦး စုစုပေါင်းသင်တန်း သား၊ သင်တန်းသူ ၃၂ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
သန်းသန်းနု (IT) - DTPCA

 

Local Trade News

Pages