ရှမ်းပြောင်းကို ရှမ်းတောင်သူတို့ ဈေးထိန်းပြီး ရောင်းချနေ

Tue, 01/19/2016 - 08:39 -- admin_ygn

ဒီတစ်ပတ် ရှမ်းပြောင်းက အဝင်နည်းသွားပါတယ်။နယ်အစုံကထွက်တဲ့ ပြောင်းတွေကဈေးကွက်ကို ဝင်နေတော့ ပြောင်းဈေးကလည်း  အေးလာပါတယ်။ဒါကြောင့်ရှမ်းပြည်နယ်ကတောင် သူတွေက ဈေးကွက်မှာ ထုတ်မရောင်းတော့ဘဲ၊ ထိန်းပြီးရောင်းနေလို့အဝင်လည်းနည်းသွားတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီးတော့ ဈေးကတောက်လျှောက်ကျလာတယ် လို့လည်း သိရပါတယ်။ရှမ်းတောင်ကပြောင်းကိုတော့ရန်ကုန်၊ မန္တလေးကအဓိကဝယ်ယူပါတယ်။ အဲဒီဝယ်လက်တွေက တိရစ္ဆာန်အစာပြုလုပ်ဖို့ဝယ်တာလို့လည်းသိရပါတယ်။တောင်ကြီးေ ဈး ကွက်ကိုဝင်တဲ့ ပြောင်းတွေမှာတောင် တိရစ္ဆာန်အစာအတွက် သန့်စင်ပြီးထိပ်စတွေကိုသာ ဝယ်ယူပြီး အဲဒီထိပ်စတွေကိုတောင်မှ အစာစပ်ကုမ္ပဏီတွေက တစ်ခုနဲ့ တစ်ခုဝယ်ယူတာေ တာင် မတူပါဘူး။တက်ချောင်ကုမ္ပဏီက တစ်ပိဿာ ၃၉၅ ကျပ်-၄၀၀ ကျပ်၊ မေခကုမ္ပဏီက ၄၂၀ ကျပ်၊  စီပီကုမ္ပဏီက ၄၂၂ ကျပ်နဲ့ ဝယ်ယူတယ်လို့  သိရပါတယ်။ ရှမ်းပြောင်းကိုအမြဲဝယ်ယူေ နတဲ့စီပီ ကုမ္ပဏီကတော့ တစ်နှစ်ကို တိရစ္ဆာန်အစာအတွက် တန်ချိန် နှစ်သောင်း၊ နှစ်သောင်းခွဲခန့်ဝယ်ယူလေ့ရှိပြီး၊ ဒီနှစ်လည်း ဝယ်ယူနေတာ သတ်မှတ်ထားတဲ့ တန်ချိန်ရဲ့ တစ်ဝက်သာ ဝယ်ရသေးတာကြောင့် နှစ်လပိုင်း၊ သုံးလပိုင်းအထိ ဆက်ပြီး ဝယ်ယူရဦးမှာလို့လည်း တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။ လောလောဆယ်တော့ ပြည်ပဝယ်လက် ဖြစ်တဲ့ မူဆယ်ဝယ် လက်တွေက ရှမ်းပြည်နယ်မြောက် ပိုင်းက ပြောင်းကိုသာ ဝယ်ယူနေလို့ ရှမ်းတောင်ပြောင်းက အရောင်းအဝယ်အနည်းငယ်အေးနေပြီး တစ်ပိဿာကို ၃၈၀ ကျပ်-၃၈၅ ကျပ်ဈေးပေါက် တယ် လို့သိရပါ တယ်။                                                                                 

ဧဧခိုင်-တောင်ကြီး

Local Trade News

Pages