ရုံးပတီသီး စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Thu, 08/15/2024 - 03:36 -- mocadmin

   မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး မင်းဘူး ခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် မုန်းချောင်းရေကို အမှီပြု၍ ရုံးပတီသီးနှံနှင့် အခြား ဟင်းသီးဟင်းရွက်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိကြောင်း၊ ရုံးပတီသီးနှံသည် ရေလုံလောက်စွာ ရရှိပါက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၈၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ရက်ပေါင်း ၆၀-၇၀ အကြာတွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် ပိဿာချိန် ၁၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ရုံးပတီသီး တစ်ပိဿာလျှင် လက်ကားဈေးနှုန်း ငွေကျပ် ၂,၅၀၀ ဖြင့် လည်းကောင်း၊ လက်လီဈေးနှုန်း ငွေကျပ် ၂,၈၀၀-၃,၀၀၀ ဖြင့် လည်းကောင်း၊ ရုံးပတီသီး အတောင့် ၁၀ တောင့်လျှင် ငွေကျပ် ၂၅၀-၃၀၀ ဖြင့် လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁,၇၀၀,၀၀၀ ခန့် ရရှိကာ ရုံးပတီသီးစိုက်တောင်သူများ အဆင်ပြေလျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွင့်ဖြူမြို့၊ စလင်းမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့ရှိ လက်လီလက်ကား ကုန်စိမ်းဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)