ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းခရမ်းပဲတီစိမ်း ဈေးကောင်းရလျက်ရှိ

Thu, 03/23/2023 - 07:34 -- comsumer

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်းစိုက် ရာသီ၌ ဧက ၃ သိန်းကျော်စိုက်ပျိုးခဲ့ရာ ပြည်တွင်းဈေးကွက်နှင့် ပြည်ပ EU ဈေးကွက်ဝင် ပဲတီစိမ်းများကို အများဆုံး (၉၀%)စိုက်ပျိုးလျက်ရှိကြောင်း၊ ခရမ်းမြို့နယ်တွင် ပဲတီစိမ်း စိုက်ဧက (၁၀၁၁၁၈) ဧကရှိပြီး အရည်အသွေးကောင်းသည့် ခရမ်းပဲတီစိမ်းများ ထွက်ရှိကြောင်း ယခုအချိန်တွင် ဧကအားလုံး ရိတ်သိမ်းပြီးစီးလုနီးပါးဖြစ်ကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ယခင်နှစ်၌ ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၆၀၀၀၀)ကျော်ရှိခဲ့ပြီး ယခုနှစ်ပဲတီစိမ်း ပေါ်စအချိန် ဇန်နဝါရီလအတွင်း (၇၂)ပေါင် ကိုက်တစ်တင်းလျှင် ကျပ်(၇၀၀၀၀)ကျော်ရှိခဲ့ရာမှ မတ်လပထမအပတ်အထိ တစ်တင်းလျှင် ကျပ် (၇၉၀၀၀) ရှိလာခဲ့ကြောင်း၊ ဒေသတွင်းရှိ ပဲအဝယ်ဒိုင်များသို့ ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလအတွင်း မိုးရွာသွန်းခဲ့ခြင်းကြောင့် အထွက်နှုန်း နည်းသော်လည်း တောင်သူများအနေဖြင့် ယခင်နှစ်ထက်ပိုမို၍ အကျိုးအမြတ်ရရှိလျက်ရှိကြောင်း သိရသည်။

DOCA(ရန်ကုန်)

Local Trade News

Pages