မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက် မြေပဲအဝင်သွက်

Fri, 01/15/2016 - 06:19 -- admin_ygn

မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနှံဈေးကွက်မှာ  နယ်စုံက မြေပဲနဲ့ နှမ်း ရောင် စုံ ဒိုင်အဝင်သွက်လာခဲ့ပြီး နှမ်းဈေးအေးကာ မြေပဲဈေးမာလာတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ဇန်နဝါရီ  ပထမပတ်နှမ်းမျိုးစုံဈေးကွက်မှာ နှမ်းညို ဟာ တစ်တင်း  ၂၆၀၀၀ ကျပ်၊ နှမ်းဝါ တစ်တင်း ၂၆၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း၂၇၀၀၀ ကျပ်-၂၉၀၀၀ ကျပ်နဲ့  နှမ်းနက်တစ်တင်း ၄၅၀၀၀ ကျပ် အထိ အသီးသီးဈေးအေးသွားတာ တွေ့ရပါတယ်။ နှမ်းဖြူအနေနဲ့ ဒိုင်မှာ ဝင်သမျှ နှမ်းဖြူသန့်သန့်ထက်  ဖြူကြားကများခဲ့ပြီး  အရောင်ပေါ်မူတည် ဈေးပေးဝယ်ယူတယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။မြေပဲဆန်ဈေးကွက်မှာတော့ မြောင်နယ်နဲ့ ချောင်းဦးနယ်က ပဲအရည် အသွေးကောင်းလို့ လုံးဆန် တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အထိ ဈေးမြောက်လာတာ တွေ့ရပါတယ်။ ဆီဆန်အနေနဲ့ တစ်ပိဿာ ၂၀၀၀ ကျပ် အထိ ဈေးတက်လာခဲ့ကာ  ဒေသခံဆီစက်တွေအနေနဲ့  ကုန်ကြမ်းလို အပ်ချက်အရ ဆီဆန်ကို မန္တလေးဈေးကွက်က ဆွဲယူကြိတ်ခွဲမှုရှိတယ်လို့ ဆိုပါတယ်။ယခုတစ်ပတ်အတွင်း  မြေပဲဆန်ဝင်ရောက်မှုအနေနဲ့  တစ်ရက်အိတ် ၄၀၀၀ နီးပါးရှိနိုင်ပြီး မန္တလေးဝယ်လက် အတွက် အဝယ်အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။  စားဆီဈေးကွက်မှာတော့  ပဲဆီတစ်ပိဿာ  ၄၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၃၄၀၀ ကျပ်၊  စားအုန်းဆီတစ်ပိဿာ ၁၄၅၀ ကျပ်-၁၄၇၀ ကျပ်ပေါက်ဈေးဖြစ်နေပြီး  ဒေသတွင်းစားသုံးဝယ်ယူမှု  များပြားလာတဲ့ နေကြာဆီသန့်ကတော့  တစ်ပိဿာ ၃၈၀၀ ကျပ်မှ  ၄၂၀၀ ကျပ်အကြား  ပေါက်ဈေးဖြစ်ပေါ်နေတယ်လို့ ဈေးကွက်က လေ့လာသိရှိရပါတယ်။
ထွန်းလှိုင် - မုံရွာ

Local Trade News

Pages