မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ သကြား ဈေးကောင်းရနေ

Mon, 01/16/2023 - 05:20 -- comsumer

       မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်နှင့်အခြားကြံထွက်ရှိရာဒေသများမှ တောင်သူများသည် ကြံများကို သကြားစက်များသို့ တိုက်ရိုက်ရောင်းချကြသော်လည်း အချို့တောင်သူ များမှာ မိမိကိုယ်တိုင် ပွက်သားကို ချက်ပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

       ယခုနှစ်တွင် ကြံများကို စက်ရုံအရောက် (၁)တန်လျှင် ကျပ် ၈၉၀၀၀ ဖြင့်  ရောင်းချကြောင်း၊ ကြံနှင့်ကြံထွက်ပစ္စည်းများဖြစ်သည့် ပေါင်းသကြား၊ ပွက်သား၊ ခါသကြား၊ ခါရည်၊ ပေါင်းရည်တို့ကို မန္တလေးသကြားနှင့်သကာရည်အသင်း၏ ပေါက်ဈေးနှုန်းဖြင့် ဝယ်ယူရောင်းချကြကြောင်း သိရသည်။

      ယခင်နှစ်ကာလတူတွင် ပွက်သားဈေးနှုန်းမှာ ကျပ်(၁၃၃၀-၁၃၅၀)၊ ပေါင်းသကြားဈေးနှုန်းမှာ ကျပ်(၁၅၂၅-၁၅၅၀)ဈေးနှုန်းသာရှိခဲ့ပြီး ယခုနှစ်တွင် ပွက်သားဈေးနှုန်းမှာ ကျပ်(၁၉၀၀-၁၉၂၀)၊ ပေါင်းသကြား ဈေးနှုန်း ကျပ်(၂၅၀၀-၂၅၅၀)၊ ခါသကြားဈေးနှုန်း ကျပ်(၂၁၅၀-၂၂၀၀)ပေါက်ဈေးရှိကြောင်း၊ စိုက်ပျိုး စရိတ်နှင့်သယ်ယူစရိတ်ကြီးမြင့်သော်လည်း မုန့်မျိုးစုံလုပ်ငန်း၊ အအေးမျိုးစုံလုပ်ငန်း၊ အဖျော်ယမကာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာခြင်းနှင့် ပြည်ပနိုင်ငံ (တရုတ်) သို့ တင်ပို့လျက်ရှိခြင်းကြောင့် ပွက်သား အသစ်ပေါ်သော်လည်း သကြားဈေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA (မန္တလေး)

Local Trade News

Pages