ဘူးသီးများစျေးကောင်းရ၍ တောင်သူများ အကျိုးအမြတ်ရရှိ

Thu, 09/05/2024 - 05:08 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖို ဆောင်သီးနှံများဖြစ်သော ကြက်သွန်နှင့် ငရုတ်သီးနှံများအပြင် ဘူးသီးကိုလည်း စီးပွားဖြစ်စိုက်ပျိုး လာကြသည်။ ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာနှင့် ကျောက်ခုံ ကျေးရွာတို့၌ ပန်းလောင် မြစ်နံဘေးတွင် ဘူးသီးသီးနှံကို စိုက်ပျိုးကြသည်။

   ဘူးသီးစိုက်ပျိုးရာတွင် မြေဆွေးနှင့် မြေသြဇာများကို သမအောင်ရောမွှေပြီး စိုက်ဘောင်ပြု လုပ်၍ စိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင့် ဘူးသပိတ်၊ ဘူးလည်လှနှင့် ဘူးရှည်မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး ဘူးပင်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ တိုင်ထောင်ဝါး၊ လုပ်သားခများအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၂ သိန်းခန့် ကုန်ကျ ကြောင်း၊ စိုက်ပျိုးပြီး နှစ်လခွဲသုံးလခန့်အကြာတွင် အသီးများစတင် ခူးဆွတ်ရ၍ အထွက်နှုန်းအနေ ဖြင့် တစ်ဧကလျှင် ဘူးသီးအလုံးရေ ၇၀၀၀-၈၀၀၀ ခန့် ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် အလုံး အရွယ်အစားအပေါ် မူတည်၍ လက်ကားစျေး တစ်လုံးလျှင် ငွေကျပ် ၅၀၀-၈၀၀ ဖြင့် လည်းကောင်း၊ လက်လီစျေးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀-၁၅၀၀ ဖြင့်လည်းကောင်း ရောင်းချရပြီး အကျိုးအမြတ် အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဘူးသီးများကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ရန်ကုန်၊ မော်လမြိုင်နှင့် ညောင်တုန်းမြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ဘူးသီးပင် စိုက်ပျိုးခြင်းသည် ဘူးသီးများသာမက ဘူးညွန့်(ဘူးရွက်) တစ်ညွန့်လျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိကြောင်း၊ ယခုနှစ်တွင် ဘူးသီးစျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများ အနေဖြင့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages