ဘိလပ်မြေဈေးကွက် ပုံမှန် အရောင်းအဝယ်ဖြစ်

Thu, 03/31/2016 - 06:42 -- admin_ygn

 
မတ် ၁၃ ရက်မှ ၁၉ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ် မြေအဝင်မှာ ၉၂၄၆၆ တန်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၃၆၇၁၅တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တန်ချိန် ၅၅၇၅၀ ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်၂၄၃၈၀ ကျော်ရှိခဲ့ပြီးယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၂၉၆၆ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ၁၄၁၅ ကျော် အဝင်ပိုခဲ့တယ်လို့  သိရပါ တယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းရောနယ်စပ်လမ်းမှပါ ဘိလပ်မြေအဝင်ပိုခဲ့ ပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီဖြစ်တာကြောင့် အရောင်းအဝယ်ကောင်းပေမယ့် ဈေး ငြိမ်နေဆဲပဲလို့ သိရပါတယ်။  ဈေးငြိမ်နေတာသုံးပတ်လေးပတ်လောက်ဖြစ်နေပြီလို့  အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါ တယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့  ဈေးမှာ ဆင်(ထိုင်း) ၅၃၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၉၅၀ ကျပ်၊ စိန် (ထိုင်း)၅၁၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါ တယ်။တောင်ကြီးဘိလပ်မြေဈေး ကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာဆင်ဘိလပ်မြေနဲ့ အေသုံးလုံးက ပစ္စည်းပြတ်နေတယ်လို့ သိရပါ တယ်။စိန်ဘိလပ်မြေ၊ ကမ္ဘောဇနဲ့ နဂါးက ဈေးနည်းနည်းတက်လာပြီး အပါချီက ဈေးနည်းနည်းကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန်(ထိုင်း)၇၆၀၀ကျပ်၊အပါချီ ၄၉၀၀ ကျပ်၊ ကမ္ဘောဇ ၄၇၀၀ ကျပ်၊ နဂါး ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက ပွင့်လင်းရာသီကြောင့် အရောင်းအဝယ် ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာ ဆင်(ထိုင်း)က ဈေးနည်းနည်းတက် ပြီး မြင်းခေါင်းကဈေးနည်းနည်းကျလာတယ်လို့ သိရပါတယ်။   ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ  ဆင်(ထိုင်း) ၆၈၅၀ကျပ်၊ အပါချီ ၅၃၀၀ ကျပ်၊ မြင်းခေါင်း ၅၃၀၀ ကျပ်၊ ဆင်(မြန်မာ)၅၅၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်

Local Trade News

Pages