ဗီယက်နမ်သစ်သီးပြည်ပတင်ပို့မှုက ဆန်တင်ပို့မှုဝင်ငွေကိုကျော်လွန်

Wed, 09/21/2016 - 03:16 -- admin_ygn

ဆန်တင်ပို့မှု အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်ရပ်တည် မလား၊ သစ်သီးတင်ပို့မှု အင်အားကြီးနိုင်ငံအဖြစ် ဆောင်ရွက်သွားမလားဆိုတာကို ရွေးချယ်ဖို့ ဗီယက်နမ်ခေါင်းဆောင်များကို ကျွမ်းကျင်ပညာရှင်တို့ က နှိုးဆော် ထားေ ကြာင်း ဗီယက်နမ်နက်သတင်း မှာ ဖော်ပြထားပါတယ်။ယခုနှစ်ပထမခုနစ်လမှာ ဗီယက်နမ်ရဲ့ သစ်သီးတင်ပို့မှုမှ ရရှိတဲ့ဝင်ငွေက ဆန်တင်ပို့မှုဝင်ငွေကို  ပထမဆုံးအကြိမ်အဖြစ် ကျော်လွန်ခဲ့ကြောင်း၊ အထွေထွေအကောက် ခွန် ဌာနက   အသစ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ဗီယက်နမ်သစ်သီးတင်ပို့မှုမှ ဝင်ငွေ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံအထိ ရရှိခဲ့ပေမယ့် ဆန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံ သာရရှိ ခဲ့ကြောင်း၊ အစီရင်ခံစာမှာဖော်ပြထား ပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့် ခြင်းအားဖြင့် ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်ယူဝင့်<ကားခဲ့တဲ့  ဗီယက်နမ်အတွက် အံ့သြစရာ ဖြစ်ခဲ့ရပါ တယ်။ ကမ္ဘာ့ဆန်အများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံဆိုတဲ့အမည်ကိုထိန်း ထားနိုင်ဖို့အတွက် ဗီယက်နမ်နိုင်ငံက စပါးစိုက်ပျိုးရာ နယ်မြေ တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြား ပြုလုပ်ခဲ့ပါတယ်။ ဒီပမာဏဟာ သစ်သီးထုတ်လုပ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့  နှိုင်း ယှဉ်ရင် အဆမတန် များပြားခဲ့ပါတယ်။ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း အသစ်ထွန်း ကားလာတဲ့ သစ်သီးထုတ်လုပ်မှုက ဆန်ထုတ်လုပ် မှုထက် လျင်မြန် စွာကျော်လွန်လာပြီး ကာလရှည်ကြာစွာ အကျိုးခံစားခွင့်တွေ ရရှိခဲ့ ပါတယ်။ မူအားဖြင့်ပြောရရင် အကျိုးအမြတ်နည်းတဲ့ ထုတ်လုပ်မှု နယ်ပယ်မှာ ဘယ်သူမှ ပိုပြီးရင်းနှီးမြှုပ်နှံမှာ  မဟုတ်ကြောင်း လေ့ လာဆန်းစစ်ရေးမှူးတစ်ဦးက  ပြောပါတယ်။ ယခုအချိန်မှာ ဗီယက်နမ် က တကယ့်အဖြစ်အမှန်ကို လက်ခံပြီး ဗီယက်နမ်ဆန်ရဲ့ အနေ အထားကို လက်ခံထားဖို့လိုကြောင်း သူကပြောပါတယ်။သစ်သီးတင်ပို့မှုက ဆန်တင်ပို့မှုကို  ပိုမိုလွှမ်းမိုးလာတော့ မယ်ဆိုတာကို ခန့်မှန်းနို င်ပြီဖြစ်ကြောင်း  လယ်ယာ စိုက်ပျိုးရေး ပညာရှင် ငုယင်ကွက်ဗောင်က ပြောပါတယ်။ မဲခေါင်မြစ်ဝကျွန်း ပေါ်ဒေသမှာ ပူပြင်းခြောက်သွေ့မှု  ပြင်းထန်ခြင်းနဲ့ ကမ္ဘာ့ဈေး ကွက်ထဲမှာ ဈေးနှုန်းတွေကျဆင်းခြင်းတို့ကြောင့် ယခုနှစ်ပထမ နှစ်ဝက်မှာ ဆန်တင်ပို့ မှု က စိတ်ကျေနပ်စရာမရှိခဲ့ကြောင်း၊ ဒါကြောင့် သစ်သီးတင်ပို့မှုလုပ်ငန်းက သာလွန်လာတော့မှာ မလွဲ ပါဘူးလို့ သူက ပြောပါတယ်။                                            

 

Local Trade News

Pages