ပြည်ပဲပုပ် ပိုမိုဝင်ရောက်လာလို့ ဈေးလျော့ကျ

Tue, 01/17/2017 - 07:20 -- admin_ygn

ပြည်ပဲဈေးကွက်အတွင်း ပဲသစ်မျိုးစုံ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလလယ်မှစ၍ ဈေးကွက်သို့ ပဲပုပ်သီးနှံများ စတင်ဝင်ရောက်ခဲ့ပါတယ်။ ယခု ဇန်နဝါရီလ ဒုတိယပတ်အတွင်းမှာ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း မြို့နယ်များမှ  ပဲအဝင်များလာတဲ့အတွက် တစ်ရက်လျှင် အိတ် ၇၀/၈၀ မှ ၁၀၀ ကျော်အထိ  ဝင်ရောက်လာတာကြောင့် ပဲဈေးနှုန်းမှာ တစ်တင်း ကျပ်၁၉၅၀၀ဖြင့် ဈေးနှုန်းအနည်းငယ် လျော့နည်းသွားခဲ့ပါတယ်။ ပဲသစ်အဖွင့်ဈေး စဖွင့်ချိန်က တစ်တင်းကျပ်၂၃၀၀၀ဖြင့် ပဲဟောင်းဈေးထက် အနည်းငယ်ပိုခဲ့ပေမယ့် ပဲဝင်ရောက်မှုများလာချိန်မှာတော့ ဈေးလျော့ လာတဲ့အတွက် ပဲအထွက်လှိုင်လာချိန် ဝင်ရောက်မှု သိသိသာသာ ပိုလာချိန်မှာလည်း ဈေးအတက်အကျ အခြေအနေ ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။                                                            

       ခင်ဆွေဝင်း

Local Trade News

Pages