ပြည်ပဲတီစိမ်းသီးနှံ မန္တလေးလိုင်းသမားအဝယ်လိုက်

Wed, 09/20/2017 - 08:28 -- admin_ygn

 ပြည်ပဲမျိုးစုံဈေးကွက်မှာ မိုးပဲတီစိမ်းသစ်များ အဝင်ဆက်ရှိနေပြီးပန်းတောင်း၊ ပေါက်ခေါင်း၊ ပြည်၊ အောင်လံမြို့နယ်များမှ တစ်ရက်လျှင်အိတ် ၂၅၀ ကျော် ဝင်ရောက်နေခဲ့ပါတယ်။ မန္တလေးလိုင်းသမားဝယ်လိုအား အမြဲရှိခဲ့လို့ ဝင်ရောက်လာ သမျှ အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ပဲဈေးနှုန်းမှာ ဈေးဆက်ငြိမ်နေခဲ့ကာ တစ်တင်း ကျပ် ၂၇၀၀၀ ဖြင့်  အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိတဲ့ သီးနှံများအနက် ပဲတီစိမ်းသီးနှံ သာ အရောင်းအဝယ် ဖြစ်နေခဲ့သလို ပဲဈေးကလည်း မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးပိုရနေခဲ့ပါတယ်။ ယခင်နှစ်ကာလတူက ပဲတီစိမ်းသီးနှံဈေးနှုန်းမှာ တစ်တင်း လျှင် ကျပ် ၂၃၀၀၀ သာရရှိလို့ ယခုနှစ်ဈေးကတော့ ယခင်နှစ်ထက် ဈေးပိုရနေကြောင်း သိရပါ တယ်။                                                          

ခင်ဆွေဝင်း

Local Trade News

Pages