ပြည်တွင်းရွှေဈေး အကျနှေးပြီး ကျပ် ရှစ်သိန်းခွဲဖြင့် အရောင်းအဝယ်အေးနေ

Thu, 09/08/2016 - 07:04 -- admin_ygn

ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးများသည် အကျနှေးနေပြီး ဈေးကွက် အတွင်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။  ကမ္ဘာ့ရွှေဈေးသည်လည်း အကျ နှေးနေသကဲ့သို့ ငွေလဲနှုန်း များ မြင့်တက်နေခြင်းသည် လည်း ပြည် တွင်းရွှေ ဈေးအကျနှေးခြင်းကို အထောက်အကူပြုစေခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်း သိရှိရသည်။''ပြည်တွင်းရွှေဈေးကွက်ထဲမှာ ဈေးမြင့်တက်ေ နတော့ အရောင်းအဝယ်က မရှိသလောက်ပဲ။ တချို့မဖြစ်မနေ ဝယ်ရမယ် ဆိုတဲ့သူတွေလောက်ပဲ ဝယ် ကြတာ များတယ်။ ဝယ်ရောင်းသမားတွေကလည်း အရင်လို အရောင်း အဝယ်မလုပ်ကြ တော့ဘူး။ ဈေးကွက်ကို စောင့်ကြည့်နေကြတာကများနေတယ်။ ဈေးရုတ်ခြည်းကျ သွားမှာကို စိုးရိမ်နေကြတာပါ။ တကယ်လို့ အမေရိကန်ဗဟိုဘဏ်က သူ့ရဲ့အတိုး နှုန်းကို ရုတ်တရက် မြှင့်တင်လိုက်မယ်ဆိုရင် ကမ္ဘာ့ရွှေဈေးကွက်မှာ အခြေအနေက ပြောင်းသွားနိုင်တယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ အရောင်းအဝယ်က အေးနေတာ ပါ။ ဈေးပြန်ကျ ဖို့မျှော်နေကြတယ်''ဟု ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ပြည်တွင်းရွှေဈေးကွက်တွင် သြဂုတ် ၂၉ ရက်က ကျပ် ၈၅၄၀၀၀ ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် ကျပ် ၈၅၀၀၀၀ သို့ အနည်းငယ်သာ ကျဆင်းခဲ့သည် ။ကမ္ဘာ့ရွှေဈေး သည် သြဂုတ် ၂၉ ရက်က ၁၃၁၇ ဒေါ်လာရှိခဲ့သော်လည်း စက်တင် ဘာ ၂ ရက်တွင် ၁၃၁၃ ဒေါ်လာသို့ အနည်းငယ်သာကျဆင်းခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages