ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်၊ ဆီနှင့် ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Tue, 08/30/2022 - 12:40 -- admin_ygn

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှု ဖြင့် ပဲခူးတိုင်း(အရှေ့၊အနောက်)ရှိ   ဆန်စက်လုပ် ငန်းရှင်များအသင်း၊   မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းများအသင်းနှင့်   ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း ၍ ဆန်၊ ဆီ၊ ကြက်ဥများအား  ပဲခူးတိုင်းဒေသကြီး အတွင်း  ခရိုင်၊ မြို့နယ်များရှိ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ဆန်များကို တစ်ခရိုင်လျှင် အိတ်  ၁၀ဝ၀ နှုန်းထားဖြင့်လည်းကောင်း ပြည်သူများလက်ဝယ် အရောက် ဈေးကားများဖြင့်  လှည့်လည်ရောင်းချ ပေးလျက်ရှိကြောင်း သိရှိရသည်။
သြဂုတ် ၁၄ ရက်တွင်   ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ   ဦးဆောင်၍ ပဲခူး(အရှေ့)  ဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များ အသင်း၊     ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန   တိုင်းဒေသကြီးဦးစီးမှူး နှင့်ဝန်ထမ်းများ   ပူးပေါင်း၍   ပဲခူးမြို့  ဇိုင်းဂနိုင်း တောင်ပိုင်း ၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ဖောင်တော်ဦး ရပ်ကွက်၊ကျွန်းသာယာရပ်ကွက်၊ စက်ပိုင်းရပ်ကွက် တို့တွင် ပြည်သူတစ်ဦးကို ဆီတစ်ပိဿာလျှင် ကျပ် ၃၉၀ဝနှုန်းဖြင့် ပိဿာ ၃၀၈၀ ကို  ရောင်းချပေးနိုင် ခဲ့ပြီး မြို့သစ် (က)ရပ်ကွက်တွင်   ပိဿာချိန် ၆၆၀ ကို ရောင်းချပေးနိုင်ခဲ့သည်။  စားအုန်းဆီနှင့်အတူ ဆန်တစ်ပြည်လျှင် ကျပ် ၁၆၀ဝ နှုန်းဖြင့်   ပြည်သူ တစ်ဦးလျှင်   နှစ်ပြည်နှုန်းဖြင့်    ပြည်သူ ၃၉၆ ဦး အတွက် ၇၉၂ ပြည်အား ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက်   ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင် တွင်လည်း ပြည်မြို့  ဘုရားဈေး၊    မြရွာ၊  နဝဒေး ရပ်ကွက်၊ အောင်ဆန်းလမ်း၊ ဖက်တန်းလမ်း၊ တော တန်းဈေး၊ ပေါက်ခေါင်းမြို့   မြို့မဈေး၊ ပုတီးကုန်း၊ သဲကုန်းမြို့မဈေး၊    ရွှေတောင်မြို့   ပရိက္ခရာလမ်း၊ ကြာနီကန်လမ်းထောင့်တို့တွင် ပြည်သူတစ်ဦးလျှင် ဆီတစ်ပိဿာ ကျပ် ၃၈၅၀ ဖြင့်  ဆီပိဿာ ၆၆၀ဝ ကို ဈေးကားများဖြင့်   လှည့်လည်ရောင်းချပေးခဲ့ ကြောင်းသိရသည်။ သြဂုတ် ၁၅ ရက်တွင် ပဲခူးခရိုင် မှ မြို့နယ်လေးမြို့နယ်၊တောင်ငူခရိုင်တွင် မြို့နယ် နှစ်မြို့နယ်နှင့်  သာယာဝတီခရိုင်တွင်   မြို့နယ်နှစ် မြို့နယ်တို့ရှိ ပြည်သူ ၂၁၇၂ ဦးအတွက် ဆန်၄၃၄၄ ပြည် ရောင်း ချပေးနိုင်ခဲ့ပြီး   ပြည်ခရိုင်တွင်    ပဲခူး (အနောက်) ဆီကုန်သည်များနှင့်    ဆီလုပ်ငန်းရှင် များအသင်းနှင့် ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် သဲကုန်းမြို့ အင်းမရွာ၊ ဝက်ထီးကန်ရွာ၊ရွှေကူ ရပ်ကွက်၊ ပွင့်လှသိမ်ကုန်းရပ်ကွက်၊ စက်မှုဈေးရှေ့၊  မိချောင်းရဲတို့တွင်   ပြည်သူတစ်ဦးလျှင်   ဆီတစ် ပိဿာ ကျပ် ၃၈၅၀ ဖြင့်  ဆီပိဿာ ၃၇၄၀ ပိဿာ ကို ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။ 
သြဂုတ် ၁၆ ရက်က  ပဲခူးခရိုင်တွင်   မြို့နယ် လေးမြို့နယ်၊   တောင်ငူခရိုင်တွင်   မြို့နယ် တစ် မြို့နယ်၊ သာယာဝတီခရိုင်တွင်  မြို့နယ် နှစ်မြို့နယ်၊ ညောင်လေးပင်ခရိုင်တွင် တစ်မြို့နယ်နှင့်  နတ်တ လင်းခရိုင်တွင်   တစ်မြို့နယ်တို့ရှိ   အခြေခံပြည်သူ ၃၁၅၆ ဦးအား ပြည်သူတစ်ဦးကို ဆန်တစ်ပြည်လျှင် ကျပ် ၁၆၀ဝ ဖြင့် ဆန် ၆၃၁၂ ပြည်၊ ကြက်ဥတစ်လုံး လျှင် ကျပ် ၁၇၀ ဖြင့် အလုံးရေ ၂၄၀ဝ နှင့် စားအုန်း ဆီ တစ်ပိဿာလျှင် ကျပ် ၃၈၅၀ နှုန်းဖြင့် ပေပါ ၄၂ လုံး၊ ၄၆၂၀ ပိဿာကို   လှည့်လည်ရောင်းချပေးခဲ့ ကြောင်း သိရှိရသည်။ 
သြဂုတ် ၁၇ ရက်တွင်  စားသုံးသူရေးရာဦးစီး ဌာနနှင့်  ပဲခူး(အရှေ့၊အနောက်)ဆန်စက်လုပ်ငန်း ရှင်များအသင်း ၊ ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင် များအသင်းတို့ပူးပေါင်း၍     ပဲခူးတိုင်းဒေသကြီး အတွင်း မြို့နယ်များရှိ အခြေခံ  ရပ်ကွက်/ကျေးရွာ များသို့ ဈေးကားများဖြင့်  သွားရောက်၍ ပြည်သူ တစ်ဦးလျှင် ဆီတစ်ပိဿာ ကျပ် ၃၈၅၀ ဖြင့်  ဈေး ကား ၁၃ စီး၊ စားအုန်းဆီပေပါ ၇၈ လုံး၊ ဆီပိဿာ ၈၅၈၀ ကို လည်းကောင်း၊ ဆန်တစ်ပြည်လျှင် ကျပ် ၁၆၀ဝ ဖြင့် အခြေခံစားသုံးသူ  ပြည်သူ ၂၈၃၂ ဦး အတွက် ၅၆၆၄ ပြည်နှင့် ကြက်ဥတစ်လုံးလျှင် ကျပ် ၁၇၀ ဖြင့် အလုံးရေ ၁၅၀ဝ အား   တွဲဖက်ရောင်းချ ပေးခဲ့ကြောင်း သိရှိရသည်။             ပဲခူးတိုင်းရုံး

Local Trade News

Pages