ပုသိမ်ရွှေမြင်းပျံဟာလဝါမှ ဂျပန်-အာဆီယံပြပွဲတွင် မြန်မာ့အစားအစာများကိုသွားရောက်ပြသ၍ ဈေးကွက်ရှာ

Thu, 12/04/2014 - 13:03 -- admin_ygn

   အာဆီယံ ဂျပန် Showcase ကို ဂျပန်နိုင်ငံ တိုကျိုမြို့ 11- shin Ora- rimon blog 6-17-1- Shin Bashi တွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
   ထိုပြပွဲတွင် အာဆီယံပြခန်းများနဲ့အတူ မြန်မာနိုင်ငံမှ အစားအသောက်နဲ့ပတ်သက်၍ ပြခန်းကိုးခန်းအားသွားရောက်ပြသခဲ့ပါတယ်။ ထိုပြခန်းထဲတွင် ပြခန်းအမှတ် (၈) ၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ရွှေမြင်းပျံဟာလဝါမှ ဧရာဝတီတိုင်းဒေသကြီးနဲ့ထွက်ကုန်ဖြစ်တဲ့ ပုသိမ်ရွှေမြင်းပျံဟာလဝါအစို၊ အခြောက်နဲ့ နှမ်းကပ်မုန့်များကိုသွားရောက်ပြသ ခွင့်ရရှိခဲ့ပါတယ်။
   အဆိုပါ ဟာလဝါအစို၊ အခြောက်များကို  လာရောက်ကြည့်ရှုရန် ဖိတ်ကြားထားသည့်  ဂျပန်ဧည့်သည်များမှ  အထူးနှစ်သက်ကြောင်း၊ သို့သော် အဆိုပါ စားသောက်ကုန်အနေ နဲ့ ဟာလဝါအစိုဆိုရင် တစ်ပတ်ခန့်၊ အခြောက်ဆိုရင် ရက် ၂၀ ခန့်သာသက်တမ်းခံသည့်အတွက် အခက်အခဲရှိကြောင်း၊ ဂျပန်လူမျိုးများအတွက် ရက် ၉၀ ခန့် သက်တမ်းရှိမှသာ အဆင်ပြေမည်ဖြစ်ကြောင်းနှင့် သင့်တော်မည့်အချိန်တွင် ဂျပန်ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်၍ ရေရှည်အထားခံနိုင်အောင် လေ့လာ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ တယ်လို့သိရပါတယ်။
   သို့အတွက် ဧရာဝတီတိုင်းဒေသကြီးမှ   ပုသိမ်ဟာလဝါအစိုနဲ့အခြောက်များ ဂျပန်ဈေးကွက်တွင်ပစ္စည်းအရသာအနေနှင့် အောင်မြင်မှုရရှိခဲ့ကြောင်း၊ ရေရှည်ခံမည့် နည်းပညာ များ လိုအပ်လျက်ရှိပါသဖြင့် မြန်မာ့အစားအစာများ အာဆီယံဈေးကွက်တွင် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပိုင်ရှင်ဦးနေလင်းထွန်းကပြောပါတယ်။

စိုးဦး - ပုသိမ်

 

Local Trade News

Pages