စားသုံးသူရေးရာဦးစီးဌာန စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး အစည်းအဝေးကျင်းပ

Wed, 04/27/2016 - 04:00 -- ictuser

၂၁.၄.၂၀၁၆ နေပြည်တော် ရုံးချုပ် ရုံးအမှတ် (၅၂) တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပထမ၊ ဒုတိယ၊ တတိယ၊ စတုထ္ထ သုံးလပတ် ကာလအတွင်း ဆောင်ရွက်မည့် စားသုံးသူရေးရာနှင့် ပတ်သက်သော ပညာပေးလုပ်ငန်းများ ဖြစ်သည့် ဆွေးနွေးပွဲများ၊ သင်တန်းများ ဆောင်ရွက်မည့် အခြေအနေနှင့် ပြည်တွင်းကုန်သွယ်မှုအား အထောက်အကူ ပြုလုပ်ငန်းများ ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအပေါ် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ ရေးဆွဲတင်ပြသည့် လုပ်ငန်း စီမံကိန်းများအပေါ် စုစည်း သုံးသပ် ဖြည့်စွက်အကြံပြုခဲ့ပြီး ရေးဆွဲထားသည့် စီမံကိန်းများ အောင်မြင်ရေးအတွက် ရုံးချုပ် ဌာနခွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။

Local Trade News

Pages