ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်း မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်

Thu, 01/26/2017 - 08:52 -- admin_ygn

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများ သည် ယခုတစ်ပတ်တွင် ဆက်လက်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေ ဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ပြီးခဲ့သည့်ရက်သတ္တ ပတ်ကတည်းကပင် မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ပတ်တွင် ဆက်လက်မြင့် တက်လာခဲ့ကာ ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်မြင့်တက်မှုနှင့်အတူ ပြည်တွင်း ရွှေဈေးများပါ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
''ကမ္ဘာ့ရွှေဈေးရော၊ ပြည်တွင်းက ငွေလဲနှုန်းပါ မြင့်တက်လာတဲ့အတွက် ပြည် တွင်းရွှေဈေးတွေ မြင့်တက်လာရတာဖြစ်ပါတယ်။ ရွှေဈေး မြင့်တက်လာမယ်ဆို တာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက  ရွှေကုန်သည်တွေက ခန့်မှန်းထားပြီးသား။ ခန့် မှန်းထားသလို တက်လာတဲ့အတွက် ဝယ်ရောင်းသမားတွေရော၊ ဒုံးသမားတွေရော အဆင်ပြေကုန်တာပေါ့။ အထည်ပိုင်းကတော့ သာမန် အဆင့်ပါပဲ။ ပုံမှန်အရောင်း အဝယ်ကတော့ ဖြစ်နေတာပဲ''ဟု ရွှေကုန်သည်ဦးစံမြင့်ကဆိုသည်။
ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ဇန်နဝါရီ ၁၆ ရက်က ကျပ် ၈၆၅၀၀၀ ရှိခဲ့ပြီး ဇန်နဝါရီ ၁၈ရက်တွင် ကျပ် ၈၇၀၀၀၀ သို့မြင့် တက်ခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ကျပ် ၈၇၂၀၀၀ သို့ ဆက်လက်မြင့်တက် ခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် တစ်အောင်စလျှင် ဇန်နဝါရီ ၁၆ ရက်က ၁၂၀၃ ဒေါ်လာရှိခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ၁၂၁၄ ဒေါ်လာသို့မြင့်တက်ခဲ့သည်။
မယ်သီတာ

 

Local Trade News

Pages