ကမ္ဘာကျော် ဆွစ်ဇာလန် နာရီအမှတ်တံဆိပ် FRANK MULLER BACKES & STRAUSS ၏ ပထမဦးဆုံး နာရီအရောင်းပြခန်းကို ဆီဒိုးနားဟိုတယ်(ရန်ကုန်)တွင် ဖွင့်လှစ်

Thu, 03/31/2016 - 06:46 -- admin_ygn

ကမ္ဘာကျော် ဆွစ်ဇာလန်နာရီ အမှတ်တံဆိပ် FRANK MULLER BACKES & STRAUSS ၏  ပထမ ဦးဆုံးနာရီအရောင်းပြခန်းကို ရန်ကုန် မြို့ ဆီဒိုးနားဟိုတယ်တွင် မတ်လ ၁၉ရက်မှ  စတင်ကာ   ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။အဆိုပါနာရီအရောင်းဆိုင်တွင် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် နာရီ များကို   ရောင်းချပေးသွားမည်ဖြစ်ပြီး နာရီတစ်လုံးလျှင်  အနည်းဆုံး အမေရိ ကန်ဒေါ်လာ လေးထောင်မှအများဆုံး  အမေရိကန်ဒေါ်လာ   နှစ်သိန်းကျော် အထိ ရှိကြောင်း သိရသည်။FRANK MULLER ကို   ၁၉၉၂ ခုနှစ်တွင်   စတင်တည်ထောင်ခဲ့ပြီး စက်နာရီသမိုင်း တစ်လျှောက်မထုတ်လုပ်နိုင်ခဲ့သော     နာရီအမျိုးအစားများစွာကို  တီထွင်ဖန် တီးနိုင်ခဲ့သည်ဟု  ဆိုသည်။ FRANK MULLER  နာရီများ၏ နောက်ဖုံးတွင် ြေျအနမ သ် ဃသာစူငခအေငသည    ဆိုသည့် စာသားကို  ဂုဏ်ယူဝင့်<ကားစွာ  ထည့် သွင်းထားသည်။
''ကျွန်တော်တို့   FRANCK MULLER  ရဲ့  နာရီဖန်တီးမှုနည်းပညာ ဟာဟိုးရှေးရှေးကတည်းက ဆက်ခံလာ ခဲ့တဲ့   ရိုးရာလုပ်ထုံး လုပ်နည်းတွေကို အလေးထားပြီး  လက်ပတ်နာရီတွေကို ပိုမိုထူးခြားဆန်းသစ်အောင် အမြဲတမ်း ကြိုးပမ်းအားထုတ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့  ဖန်တီးမှုတွေဟာ ၂၁ ရာစုမှာ  လူတွေ အတော်များများ မေ့ပျောက်လုဆဲဖြစ်နေတဲ့     'အချိန်' ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမူကို 'လက်ပတ်နာရီ' ဆိုတဲ့ပန်းချီကားပေါ်မှာအနာဂတ်ဆန် စွာပုံဖော်ရေးဆွဲနေတာပဲဖြစ်ပါတယ်'' ဟု FRANCK   MULLER ၏အမှုဆောင်ဒါရိုက်တာဖြစ်သူ မစ္စတာNicholas Rudaz က   ပြောကြားသည်။Franck   Muller   Bccked & Strauss Yangon  မှ     နာရီများသည် အချိန်ကိုကြည့်ရန်          တစ်ခုတည်း အတွက်သာမဟုတ်ဘဲ   ပိုင်ဆိုင်သူ၏   ကိုယ်ရည်ကိုယ်သွေးနှင့်      အမှတ် အသားကို  ဖော်ဆောင်ပေးရုံသာမက  ဘဝ၏ ပျော်ရွှင်၊ ဝမ်းနည်းချိန်များတွင် လည်း  အဖော်မွန်တစ်ဦးအဖြစ် အမြဲ တည်ရှိနေမည်ဖြစ် သည်။ FRANCK MULLER BACKES& STRAUSS YANGON သည်   ဆွစ်ဇာလန်နိုင်ငံ၏ ရိုးရာ  လက်မှုပညာတစ်ခုဖြစ်သည့်   စက်နာရီမှတစ်ဆင့် နောင်တွင် မြန်မာ့ ယဉ်ကျေးမှုနှင့်     ပေါင်းစပ်ဖလှယ် သွား နိုင်ရန်အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်သည်။FRANCK      MULLER BACKES  &  STRAUSS YANGON သည် နာရီထုတ်လုပ်မှုလုပ် ငန်းဆိုင်ရာ နည်းပညာများကို  ပို့ချသင်ကြားပေး ခြင်းမှစ၍     ပရဟိတဆောင်ရွက်မှု အနေဖြင့်  မိဘမဲ့ကလေးဂေဟာအတွက်  ထောက်ပံ့မှုများကိုလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။

မယ်သီတာ

Local Trade News

Pages