အိန္ဒိယနိုင်ငံသို့ ပြည်ပမှ တင်သွင်းတဲ့ ဓာတုပစ္စည်းများ၊ ပလတ်စတစ်ထုတ်လုပ်ေ သာ စက်ပစ္စည်းနဲ့ ဖီနောလ်တင်သွင်းမှုများအပေါ် တန်ပြန်စုပုံခွန်များ စည်းကြပ် သွားမည်

Tue, 03/01/2016 - 05:22 -- admin_ygn

 အိန္ဒိယနိုင်ငံသို့  အမေရိကန်နဲ့   ဥရောပသမဂ္ဂနိုင်ငံများမှ တင်သွင်းတဲ့   ဓာတုပစ္စည်းများအား တစ်တန်လျှင်  ကန်ဒေါ်လာ ၁၅ ဒသမ ၅၅ မှ ၁၂၇ ဒသမ ၈၂ ကြားကိုလည်းကောင်း  တရုတ် (တိုင်ပေ)၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့  ဗီယက်နမ်နိုင်ငံတို့မှ  တင်သွင်း တဲ့  ပလတ်စတစ်ထုတ်လုပ်သော စက်ပစ္စည်း တင်သွင်းမှုအား စက်ပစ္စည်းတန်ဖိုးရဲ့    ၆ ဒသမ ၀၆ မှ ၄၄ ဒသမ ၇၄ ရာခိုင်နှုန်းအထိ လည်းကောင်း၊  ကိုရီးယား ၊  ဥရောပသမဂ္ဂနိုင်ငံများနဲ့  စင်ကာပူ နိုင်ငံမှ တင်သွင်းတဲ့   ဖီနောလ်တစ်တန်လျှင်  အမေရိကန် ဒေါ်လာ ၇၇ ဒသမ ၁၉ မှ ၂၅၃ အမေရိကန်ဒေါ်လာဖြင့်  လည်းကောင်း တန်ပြန်စုပုံခွန်များစည်းကြပ်သွားဖို့ စီစဉ်နေကြောင်းmoney- control.comနဲ့indiatimes အွန်လိုင်းသတင်းများမှာ ဖော်ပြထား ပါတယ်။ပြည်ပမှဓာတုပစ္စည်းများ     တင်သွင်းလာခြင်းအတွက်Ardhra  Petrochemicals ရဲ့ တောင်းဆိုချက်အရ လည်းကောင်း၊ တန်ပြန်စုပုံခွန်နှင့်   သဘောတူထားသော   အခွန်အကောက် ညွှန်ကြားရေးမှူးရဲ့ ထောက်ခံချက် အရလည်းကောင်း2EH         (တူးအီသိုင်းလ်ဟက်ဆနောလ်) အပေါ်  သွင်းကုန်ခွန်စည်း ကြပ်သွားမှာ ဖြစ်ပါတယ်။  ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းက စူးစမ်းလေ့ လာမှုပြု လုပ်ရာမှာ ပြည်ပမှ တင်သွင်းလာသော ပစ္စည်း များဟာ ပြည်တွင်းရောင်းဈေးထက် နိမ့်နေတာကိုတွေ့ရကြောင်း၊ ပြည်ပမှတင်သွင်းမှုပမာဏများပြားပြီး  ဈေးနှုန်းနိမ့်မှုများကြောင့် အခွန်ဦးစီးဌာနကလည်း  တန်ပြန်စုပုံခွန် စည်း ကြပ်သွားမှာဖြစ်ပါတယ်။ပလတ်စတစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းကြောင့် ပြည်တွင်းစက်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း များကို ထိခိုက်စေခြင်း၊  လစ်မနိုတ်အထပ်သား၊ ဆေးဝါးများ၊ ပါတီကယ်လ် ဘုတ်များ(Particle board)    ထုတ်လုပ်ရာမှာ အသုံး ပြုတဲ့ ဖီနောလ်တင်သွင်းတဲ့ ဈေးဟာလည်း ပြည်တွင်းဈေးထက် နိမ့်ကျနေခြင်းတို့ကြောင့်  တန်ပြန်စုပုံခွန်များစည်းကြပ်တော့မှာ ဖြစ်ပါတယ်။ယခုကဲ့သို့  တန်ပြန်စုပုံခွန်များ  စည်းကြပ်ရခြင်းဟာ ပြည် တွင်း  လုပ်ငန်းများအား မျှတသော ကုန်သွယ်မှု အခွင့်အရေးခံစားရ စေရန် ဖြစ်ပြီး စည်းကြပ်သွားမယ့်    တန်ပြန်စုပုံခွန်နှုန်းထားများ အားသတ်မှတ်ရာတွင်  WTOလုပ်ထုံးလုပ်နည်းနဲ့အညီ စည်းကြပ် ကောက်ခံသွားရန် သတ်မှတ်ထားတာလို့သိရပါတယ်။    
            CMK

International Trade News

Pages