အလုပ်သမားဥပဒေနဲ့ပတ်သက်ပြီးတင်ပြတဲ့ စာရွက်စာတမ်းများကို အီလက်ထရွန်းနစ်စနစ်ပြောင်းဖို့ အိန္ဒိယအစိုးရကို တိုက်တွန်း

Wed, 05/25/2016 - 06:04 -- admin_ygn

လာမယ့်နှစ်နှစ်အတွင်း အလုပ် သမားဥပဒေ ၄၂ ခုအရ   တင်ပြရတဲ့ စာရွက်စာတမ်းအထောက်အထားများ ကို အီလက်ထရွန်းနစ်ဖြင့်သာ တင်ပြ နိုင်ရေးအတွက်  အစိုးရကဆောင်ရွက် ပေးဖို့  စီးပွားရေးလုပ်ငန်း  ၈၀၀ ကျော် က အိန္ဒိယ အလုပ်သမားဝန်ကြီး ဘန်ဒါ ရူဒတ်တာထရီယာထံသို့ အသနားခံစာ တင်သွင်းခဲ့ကြောင်း၊ အဲဒီတင်ပြတဲ့လုပ် ငန်းတွေအနက် မဟင်ဒရာအင်မဟင် ဒရာဟွေးလက်ပက်ကက်နဲ့  တာတာ ကုမ္ပဏီအုပ်စုတို့လည်း  ပါ ဝင်ကြောင်း သည်ဟိန္ဒူသတင်းမှာ  ဖော်ပြပါတယ်။တည်ဆဲ   အလုပ်သမားဥပဒေ များအရ စာရွက်စာတမ်း အမြောက် အမြားကို နှစ်စဉ်တင်ပြနေရတဲ့အတွက်  လျှောက်လွှာစာရွက်များကို ထိန်းသိမ်း ရသည်မှာ     အလုပ်ရှင်များ အတွက်   ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ်ဖြစ်ကြောင်း ကုမ္ပဏီများက အကြံပြု  တင်ပြကြပါ တယ်။
အစိုးရက    နိုင်ငံအတွင်းမှာ စီးပွားရေးလုပ်ငန်းတွေ  ဆောင်ရွက်ရ လွယ်ကူအောင် အစီအမံအမျိုးမျိုးကို စဉ်းစားဆောင်ရွက်လျက်ရှိရာ    ဗဟို အလုပ်သမား    ဥပဒေ ၄၄ ခုအရ တင်သွင်းရသော  စာရွက်စာတမ်းများ ကိစ္စကို လည်း    အရေးကြီးတဲ့ပြုပြင် ပြောင်းလဲမှုအဖြစ်     စဉ်းစားစေလို ကြောင်း   ကုမ္ပဏီ ၈၂၈  ခုကိုယ်စား ွှနောူနျေန ှနမလငခနျ မှ ဒုတိယဥက္ကဋ္ဌ ဆိုနာအာရိုရာ လက်မှတ်ရေးထိုးတင် ပြဲ့စာမှာ    ဖော်ပြထားပါ တယ်။ ဝန်ဆောင်မှု လုပ်ငန်းများ   အနေဖြင့် လျှောက်လွှာ ၂၅ မျိုးနဲ့ စက်ရုံများအနေ ဖြင့် ၄၅ မျိုးကို   တင်ပြနေရကြောင်း တင်ပြစာမှာ ဖော်ပြထားပါတယ်။အားလုံးစုစည်းပြီး   စာရွက်စာ တမ်းမ ပါတဲ့  လျှောက်လွှာတွေကို သုံး သွားမယ်ဆိုရင် စီမံအုပ်ချုပ်မှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေ လျော့ကျနိုင်သလို ကုန်ကျစရိတ်တွေလည်း နည်းပါးလာ မှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအနေနဲ့ လည်း ခိုင်မာ တဲ့အချက်အလက်များကို  ရနိုင်ကြောင်း အသနားခံစာ   တင်သွင်း သူများ ထဲမှာပါဝင်တဲ့Singode Indu- strial Group  မှ အရင်းအမြစ်ဒါရိုက်တာ အူမာဒေဝရုပတာပူက ပြောပါ တယ်

International Trade News

Pages