အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား လေကြောင်း ဆက်သွယ်မှုတိုးမြှင့်မည်

Wed, 03/30/2016 - 08:26 -- admin_ygn

အမေရိကန်နှင့် ဂျပန်လေယာဉ် များအား ဟာနဲဒါလေဆိပ်တွင် နေ့ အချိန်ဆင်းသက်နိုင်မည့် အမေရိကန် နိုင်ငံနှင့်ဂျပန်နိုင်ငံတို့အကြား လေ ကြောင်းဆက်သွယ်မှု တိုးမြှင့်ခြင်း သဘောတူစာချုပ်တစ် ရပ်ကို ဖေဖော် ဝါရီ ၁၈ ရက်တွင်  လက်မှတ်ရေးထိုးခဲ့ ကြကြောင်း သိရှိရပါသည်။တိုကျိုမြို့တော်မှ ကီလိုမီတာ ၈၀ ခန့်အကွာတွင် တည်ရှိသည့် အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည့် နာရီတာသည် ၁၇ မြို့သို့သာသွား လာနိုင်သော်လည်း ဟာနဲဒါလေဆိပ် သည် တိုကျို မြို့လယ်မှ ကီလိုမီတာ ၂၀ ခန့်အကွာတွင် တည်ရှိပြီး၊ နိုင်ငံတွင်းရှိ မြို့ပေါင်း ၄၉မြို့သို့ ဆက်သွယ်သွား လာနိုင်သည့် ကွန်ရက်ရှိသည့် လေဆိပ် မြို့ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ၁၉၇၈ ခုနှစ်မှ စတင်၍  မြို့ တွင်း ယာဉ်အသွား အလာ ကျပ်သိပ်မှုကို လျှော့ချရန် ပြည်ပလေယာဉ်များအား နာရီတာ လေဆိပ်သို့ ပြောင်းရွှေ့ခဲ့ပါသည်။၂၀၁၀ခုနှစ်တွင် ဟာနဲဒါလေ ဆိပ်၌ လေယာဉ် ပြေးလမ်း တိုးချဲ့ခဲ့ပြီး အပြည်ပြည် ဆိုင်ရာ လေယာဉ်များ ဆင်းသက်ရန်ဂိတ် ဖွင့်လှစ်ပေးခဲ့ကာ စီးပွားရေးကိစ္စဖြင့် တိုကျိုသို့လာ ရောက်သူများ အတွက် အထောက်အကူ ဖြစ်စေခဲ့ပါသည်။ သို့ရာတွင် ဟာနဲဒါလေဆိပ်မှ ဆိုက်ရောက် - ထွက်ခွာ ပြုလုပ်မည့် ခရီးဝေးလေယာဉ် များအတွက်မူ ညသန်းခေါင်ယံနှင့် နံနက်အစောပိုင်းအချိန်(၂၂ ါ် ၀၀ နာရီ မှ ၀၇ါ်၀၀ နာရီ) တို့တွင် ဆင်းသက် နိုင်ခြင်း မရှိပါ။ယခု လက်မှတ်ရေးထိုးလိုက် သည့် သဘောတူညီချက် ‘The new daytime operations’ တွင် နေ့အချိန် ဆင်းသက်ပျံသန်းမှု အတွက် အမေရိ ကန်နှင့် ဂျပန်လေကြောင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများfive pairs of slots နှင့် ညသန်းခေါင်ယံနှင့် နံနက် အစောပိုင်းအချိန် ဆင်းသက်ပျံသန်းမှု အတွက်one pair of slots ဆောင်ရွက် ရန် ပါရှိပါသည်။ ၂၀၁၆ နှစ် အောက်တို ဘာတွင် စတင်အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရှိရ ပါသည်။
ဥမ္မာအေး၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဝါရှင်တန်မြို့

International Trade News

Pages