အဖျော်ယမကာရောင်းချခွင့် လိုင်စင်လွယ်ကူစွာရရှိခြင်းကို ထိုင်းနိုင်ငံတွင်ဝေဖန်

Tue, 12/09/2014 - 12:56 -- admin_ygn

   ထိုင်းနိုင်ငံ၌ ငယ်ရွယ်သူများအား အရက်ရောင်းချလေ့ရှိသောဆိုင်များ (မသမာသည့်ဆိုင်များ) အားတားဆီးရန် အရက်ရောင်းလိုင်စင်များထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများအား ပိုမိုတင်းကျပ်သင့်ကြောင်း လေ့လာမှုတစ်ခုတွင် သုံးသပ်ဖော်ပြထားပါသည်။ အရက်လေ့လာရေးစင်တာ (CAS) မှ ပြုလုပ်သည့် လေ့လာမှုမှ တည်ဆဲဥပဒေအရ အရက်ရောင်းလိုင်စင်ကို အလွန်ဈေးသက်သာစွာဖြင့် အလွန်လွယ်ကူမြန်ဆန်စွာရရှိနေကြောင်း ဝေဖန်သုံးသပ်ဖော်ပြခဲ့ပါသည်။
   လောလောဆယ်တွင် အသက်မပြည့်သေးသော လူငယ်များအား အရက်ရောင်းချသည့်ဆိုင်သည် ကလေးသူငယ်ကာကွယ်ရေးဥပဒေအရ အရေးယူအပြစ်ပေးခံရမည်ဖြစ် ပါသည်။ သို့ရာတွင် ၎င်း၏ အရက်ရောင်းချခြင်းအပေါ် ထိခိုက်မှုမရှိကြောင်းနိုင်ငံတော်ကောင်စီရုံးမှ Mr. Ratapakorn ကဆိုပါသည်။ တည်ဆဲဥပဒေအရ အသက် ၁၈နှစ် အောက်လူငယ်များအား အရက်ရောင်းချသူများအတွက် ပြစ်ဒဏ်သည် ထောင်ဒဏ်သုံးလနှင့် ဒဏ်ငွေ ဘတ် ၃၀,၀၀၀ဖြစ်ပါသည်။
  လိုင်စင်ပိတ်သိမ်းသည့် ပြစ်ဒဏ်သတ်မှတ်ခြင်းသည်အရက်ရောင်းသူများအား ဥပဒေချိုးဖောက်ခြင်းမပြုရန်တွန်းအားပေးနိုင်ကြောင်း၊ ယစ်မျိုးဦးစီးဌာနအနေဖြင့် အရက်ရောင်း လိုင်စင်လျှောက်ထားသော စတိုးဆိုင်များနှင့်ဘားများကို မြေပြင်စစ်တမ်းကောက်ယူသင့်ကြောင်းများစွာသော ရောင်းသူများသည် အရက်ပါဝင်သည့် အဖျော်ယမကာ ထိန်း ချုပ်ရေးအက်ဥပဒေ၏ မရှင်း လင်းသော စကားလုံးသုံးနှုန်းမှုများကို အခွင့်ကောင်းယူ၍ ဥပဒေကိုချိုးဖောက်လျက်ရှိကြကြောင်း Mr. Ratapakorn က သုံးသပ်ပြောကြားခဲ့ပါ သည်။
   CAS ၏ လေ့လာမှုအရ အရက်လိုင်စင်အတွက် ခွင့်ပြုချက်အမျိုးအစားအပေါ် မူတည်၍ တစ်နှစ်လျှင် ဘတ်၂၀၀-၁၅၀၀အကြားသာကုန်ကျပြီး လိုင်စင်ရရှိရန် ၁၀ မိနစ်ကျော်ရုံ သာကြာကြောင်း၊ မြို့ပြဧရိယာတွင် တစ်ကီလိုမီတာအတွင်း အရက်ရောင်းသော ဆိုင်ကိုရှာတွေ့နိုင်ကြောင်း၊ အရက်ရောင်းသူများအားလုံလောက်သော သင်တန်းများပေး၍ ဥပဒေ၊စည်းမျဉ်းစည်းကမ်းများကို လေ့လာစေသင့်သည်ဟု အကြံပြုကြကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘန်ကောက်မြို့

 

International Trade News

Pages