ရေနံထုတ်လုပ်မှုကို ထိန်းထားဖို့ ဗင်နီဇွဲလား၊ ဆော်ဒီအာရေးဘီးယား၊ ရုရှားနဲ့ ကာတာတို့ သဘောတူ

Wed, 02/24/2016 - 03:25 -- admin_ygn

             ဗင်နီဇွဲလား၊ ဆော်ဒီအာရေးဘီး ယား၊ ရုရှားနဲ့ ကာတာနိုင်ငံတို့အနေနဲ့ ရေနံထုတ်လုပ်မှုကိုထိန်းထားဖို့၊ ကျဆင်းနေတဲ့ ရေနံဈေးနှုန်းတွေကို တည်ငြိမ်အောင်ဆောင်ရွက်ဖို့ နည်းလမ်းရှာဖွေလျက်ရှိ ကြောင်းဖေဖော် ါရီ ၁၆ ရက်က ဗင်နီဇွဲလားအစိုးရအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုး ကားပြီး ရှင်ဝှာသတင်းမှာ ဖော်ပြပါ တယ်။အိုပက်အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံနဲ့ရုရှားနိုင်ငံတို့ပါဝင်တဲ့နိုင်ငံလေးနိုင်ငံက ရေနံထုတ်လုပ်မှုကို ၂၀၁၆ ခုနှစ် ဇန်နဝါ ရီကထုတ်လုပ်မှုအတိုင်း ထိန်းထားဖို့၊   အီရန်နဲ့အီရတ်အပါအဝင် အခြားအရေးပါတဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့သဘောတူညီမှုကိုရရှိအောင်ဆောင်ရွက်ဖို့သဘောတူထားကြောင်းဗင်နီဇွဲလားရေနံနဲ့ သတ္တုတူးဖော်ရေး ဝန်ကြီး ယူလိုဂီယိုဒယ်လ်ပီနိုက ကာတာနိုင်ငံ ဒိုဟာမှာကျင်းပတဲ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။ ရေနံထုတ်လုပ်မှုထိန်းချုပ်ထားရေး အစီအစဉ်ကိုဆောင်ရွက်တဲ့အခါဖြစ်ပေါ်လာတဲ့ရလဒ်တွေကို လေ့လာဆန်းစစ ်ဖို့ စောင့်ကြည့် ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း ဗင်နီဇွဲလားရေနံ စိမ်းကုမ္ပဏီ PDVSA ရဲ့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။''ဈေးကွက်တည်ငြိမ်ဖို့အတွက် ဗင်နီဇွဲလားနိုင်ငံနဲ့ကျန်နိုင်ငံတွေရဲ့ သမိုင်းဝင်သဘောတူညီချက်ကို ဒီ က နေ့ရရှိခဲ့ပါတယ်''ဟုဒယ်လ်ပီနိုကသူ့ရဲ့တွစ်တာမှာရေးသားဖော်ပြထားပါ တယ်။ ဒီနောက်ပိုင်းမှာစီးပွားရေးပြန် လည်တည်ငြိမ်မှုရရှိအောင်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက်အိုပက် အဖွဲ့တစ်ဖွဲ့လုံးနဲ့ ညှိနှိုင်းသွားမှာ ဖြစ်ပါတယ်။ ရေနံထုတ်လုပ်မှုကိုထိန်းချုပ်ထား ဖို့အတွက်၂၀၁၅ ခုနှစ် နှစ်လယ်ကတည်း ကဗင်နီဇွဲလားအစိုးရကကြိုးပမ်းခဲ့တာဖြစ်ပြီးအဲဒီအချိန်ကရေနံစိမ်းဈေးနှုန်းတွေက တစ်စည်ကို အမေရိကန် ဒေါ်လာ ၃၀ ထိ ကျဆင်းခဲ့ပါတယ်။

International Trade News

Pages