ရေနံစိမ်းဈေးကျဆင်းမှုကြောင့်ဒူဘိုင်းတွင် စီမံကိန်းထောက်ပံ့မှုကိုမထိခိုက်နိုင်

Wed, 12/17/2014 - 10:57 -- admin_ygn

   ရေနံစိမ်းဈေးနှုန်းကျဆင်းပေမယ့် လာမယ့် ငါးနှစ်အတွင်း နိုင်ငံရဲ့ဖွံ့ဖြိုးရေးစီမံကိန်းများကို ထောက်ပံ့သွားနိုင်လိမ့်မယ်လို့ ဒူဘိုင်းနိုင်ငံက ယုံကြည်ထားကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ပြောကြားချက်ကို ကိုးကားပြီးရိုက်တာသတင်းမှာဖော်ပြပါတယ်။
   ''ကြွေးမြီနဲ့ ပိုင်ဆိုင်မှုတန်ဖိုး အခြေအနေအရ လာမယ့်ဘတ်ဂျက်မှာ စီမံကိန်းတွေကိုထောက်ပံဖို့ အစိုးရမှာ ဘတ်ဂျက်အလုံအလောက် ရှိနေပါတယ်။ ထိုမျှမက ဘဏ္ဍာရေး ဝန်ကြီးဌာနက ရေတိုနဲ့ ရေရှည်အတွက်   ရန်ပုံငွေရရှိနိုင်ဖို့အတွက် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ အတိုးနှုန်းတွေနဲ့ငွေချေးစာချုပ် တွေကိုတိုးမြှင့်ရောင်းချသွားနိုင်ပါတယ်။ ရေနံဈေး ကွက်ရဲ့အခြေအနေက ဒူဘိုင်း ရဲ့ရေရှည်စီမံကိန်းတွေကို   တိုက်ရိုက်ထိခိုက်နိုင်မှာမဟုတ်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ယုံကြည်ထားပါတယ်''လို့ ဘဏ္ဍာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် အဗ္ဗဒူရာမန် အယ်လဲဆာလဲက The National သတင်းစာကို ပြောပါတယ်။
   လာမယ့်နှစ်တွေမှာ စုစုပေါင်း  ပြည်တွင်း ထုတ်ကုန်ဖွံ့ဖြိုးမှုက ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဆာလဲကပြောသည်။ ဒူဘိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က  ၂၀၀၈ ခုနှစ်မှာ  ပြိုကွဲလို့ ဖြစ်ရတဲ့ ပြင်းထန်တဲ့ကြွေးမြီအကျပ်အတည်းကနေ ၂၀၀၉-၂၀၁၀ ပြည့်နှစ်မှာ ပြန်လည်နာလန်ထူလာပါတယ်။ ဒူဘိုင်းနိုင်ငံက World Expo ပြပွဲကို ၂၀၂၀ ပြည့်နှစ်မှာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံပြသဖို့စီစဉ်ထားရှိပြီး ပြပွဲမတိုင်မီ အိမ်ခြံမြေစီမံကိန်းနဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေကို ဘီလီယံပေါင်းများစွာ အကုန် ခံဆောင်ရွက်ဖို့စီစဉ်ထားပါတယ်။ ဒူဘိုင်းနိုင်ငံက ဒေသတွင်းရှိ တခြားနိုင်ငံများနဲ့မတူတဲ့အချက်မှာ ရေနံစိမ်းလုပ်ငန်းမှဝင် ငွေကအနည်းငယ်သာရှိပြီး ကုန်သွယ်မှုလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေအများအပြားရနေခြင်းဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages