မြို့ပြ စိုက်ပျိုးရေးက ကမ္ဘာတစ်ဝန်းရေပန်းစားလာ

Thu, 02/18/2016 - 03:31 -- admin_ygn

                  အဆောက်အအုံ  ခေါင်မိုးတွေပေါ်မှာ သီးပင်စားပင်တွေ   စိုက်ပျိုးတာ၊ အထပ်မြင့် အဆောက်အအုံကြီးတွေကြားမှာ ဟင်းသီးရွက်ဟင်းသီးတွေ စိုက်ပျိုးတာတွေကို ယခင်ခေတ် အခါ ကမူစိတ်ကူးယဉ်ဆန်တဲ့လုပ် ရပ် တစ်ခုအဖြစ် ရှုမြင်ထားကြပါတယ်။ ဒါပေမဲ့ ယခုအချိန်မှာ ထိုသို့မဟုတ်တော့ပါ။ပေကျင်း၊ ဆစ်ဒနီ၊ တိုကျိုနဲ့ စင်ကာပူ စတဲ့ ဒေသတွေမှာ မြို့ပြစိုက်ပျိုးရေး (Urban Farming) က မြို့တစ်မြို့ရဲ့ ရူခင်းအစိတ်အပိုင်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။ ဒီလို ရှုခင်းမျိုးက အာရှမှာသာမက ကမ္ဘာတစ်လွှားမှာပါ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ယခုအခါမှာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက် ခန့်က မြို့ပြတွေပေါ်မှာ နေထိုင်လာကြပြီဖြစ်တဲ့ အတွက် ပုံစံအမျိုးမျိုးနဲ့  တည်ရှိ နေတဲ့ မြို့ပြစိုက် ပျိုးရေးက ကမ္ဘာမှာ  အမှန်တကယ်ဖြစ်ထွန်းလာ ခဲ့ပြီဖြစ်ကြောင်း မဲလ်ဘုန်းမြို့မှ ဘန်လေးတက္ကသိုလ် ရဲ့ မြို့ပြပန်းမန်စိုက်ပျိုးရေးပါမောက္ခခရစ်ဝီလျံကပြောပါတယ်။ဒီလိုစိုက်ပျိုးရေးလုပ်ကိုင်တဲ့ လုပ်ငန်းကယ ခု ရာစုနှစ်  အလယ်လောက်ရောက်ရင် ၇၀ ရာခိုင်နှုန်းအထိ  တိုးတက်လာနိုင်ကြောင်း ကုလသမဂ္ဂကလည်းခန့်မှန်းထားပါတယ်။မြို့ပြထူထောင်မှုလျင်မြန်စွာဖွံ့ ဖြိုးလာတဲ့ အတွက် တစ်ချိန်က မြို့ပြဝန်းကျင်မှာ ဝန်းရံ တည်ရှိနေ ခဲ့တဲ့ စိုက်ပျိုးခြံတွေက ကွန်ကရစ်တွေနဲ့ ကတ္တရာလမ်းတွေ အောက်ကိုရောက်ရှိကုန်ပြီ ဖြစ် ကြောင်း ဝီလျံကပြောပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံ တွေမှာဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်စေ ယနေ့ ခေတ်မှာ မြို့ ပြစိုက်ပျိုးရေးဆိုတဲ့ စကား လုံး ကမြို့ပြစီမံကိန်းရေးဆွဲသူတွေရဲ့ နှုတ်ဖျားမှာ ရေပန်း စားလျက်ရှိပါတယ်။မနီလာ၊ ဗန်ကောက်နဲ့ ဂျကာတာစတဲ့မြို့ ကြီးတွေမှာ နေ့စဉ်စားသောက်ရေးအတွက် လူ တွေက  ရသမျှ မြေလွတ်မြေရိုင်းတွေမှာဟင်းသီး ဟင်းရွက် တွေကို   စိုက်ပျိုးကြပါတယ်။ တိုကျိုမြို့ မှာဆိုရင် အဆင့်မြင့်နည်းပညာကိုသုံးပြီး ထောင် လိုက်စိုက်ပျိုးရေးကို စီးပွားဖြစ်စိုက်ပျိုးလာကြတာ ကို တွေ့ရပါတယ်။ဒါပေမယ့် မြို့ပြစိုက်ပျိုးရေးနဲ့ပတ် သက်တဲ့ အမြင်က အမျိုးမျိုးကွာ ခြားမှုရှိကြောင်း ဝီလျံက ပြောပါတယ်။''ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စက်မှုဖွံ့ဖြိုး ပြီးနိုင်ငံ တွေမှာဆောင်ရွက်ကြတဲ့  မြို့ပြစိုက်ပျိုးရေးက အများကြီး  ကွဲပြားခြားနားမှုရှိပါတယ်''လို့ သူက ပြောပါတယ်။ဖနွမ်းပင်နဲ့ ဟိုချီမင်းလို မြို့တွေမှာ မြို့ပြ စိုက်ပျိုးရေးက ဆင်းရဲသားတွေ အသက်ရှင်ရပ် တည်ဖို့ဖြစ်ပြီး စင်ကာပူလိုနေရာမျိုးမှာတော့ အမျိုးသားအစားအစာဖူလုံရေးအတွက် ဖြစ် ကြောင်း  သူကပြောပါတယ်။အခြား  ရေနံထုတ်လုပ်တဲ့နိုင်ငံ တွေကို အယ်လ်ပီနို သွား ရောက်ခဲ့တဲ့ ခရီး စဉ်ကိစ္စနဲ့ အပြည်ပြည်ဆိုင်ရာ ရေနံဈေး ကွက် တည်ငြိမ်ရေးအတွက် အခြားနိုင်ငံ တွေနဲ့ပူးပေါင်းရန်အတွက် သူဆွေးနွေးခဲ့ တဲ့ရလဒ်တွေကို ဝန်ကြီးနှစ်ဦးက ဆွေး နွေးကြကြောင်း ှဏဗ မှာဖော်ပြပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ ရေနံအများဆုံး ထုတ်လုပ်နေတဲ့ ဆော်ဒီအာရေးဘီး ယားရဲ့ ဝေဖန်ပြောကြားချက်တွေကို ကြည့်ရင် မူဝါဒ အပြောင်းအလဲလုပ်ဖို့ အရိပ်အယောင်မတွေ့ရသေးကြောင်း တချို့ အိုပက်ကိုယ်စားလှယ်တွေက ပြောပါတယ်။

 

International Trade News

Pages