မိုးဒီဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက်ပိုင်း အိန္ဒိ.ယနိုင်ငံမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုက တရုတ်ရင်းနှီးမြှုပ်နှံမှုကို ကျော်လွန်

Wed, 04/06/2016 - 07:30 -- admin_ygn

   နရိန္ဒရာမိုးဒီ ဝန်ကြီးချုပ်တာဝန်  စတင်ထမ်းဆောင်ချိန်မှစပြီး အိန္ဒိယ နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုရဲ့ရင်းနှီးမြှုပ်နှံမှုတိုးတက်မြင့်မားလာပြီးတရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကိုကျော် လွန်လာကြောင်း အမေရိကန်အစိုးရရဲ့   ပြော ကြားချက်ကို ကိုးကားပြီး တိုင်းမ် အော့ဖ်အိန္ဒိယအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။''၂၀၁၄ ခုနှစ်မေနောက်ပိုင်းက စပြီးကျွန်တော်တို့နှစ်နိုင်ငံရဲ့ အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွေအနက် နိုင်ငံခေါင်း ဆောင် အဆင့်ဆွေးနွေးပွဲက ခြောက်ကြိမ်ရှိခဲ့ပါတယ်။ မတ်လနောက်ဆုံးပတ်မှာကျင်းပခဲ့တဲ့ နျူကလီးယားလုံခြုံရေးထိပ်သီးဆွေးနွေးပွဲကလည်းအဆင့်မြင့်ခေါင်းဆောင်များပါဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ အိုဘားမား အစိုးရအဖွဲ့သက်တမ်းမကုန်မီနောက်ထပ်ဆွေးနွေးပွဲတွေရှိနေဦးမှာဖြစ်ပါတယ်''လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနီရှားဒေဆိုင်းဘစ်စဝါက ပြောပါတယ်။''အဓိကဦးတည်ချက်ထားတာ က  စီးပွားရေးပူး ပေါင်း ဆောင်ရွက်မှုအတွက်ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေဦးမှာဖြစ်ပေမယ့် အိန္ဒိယနိုင်ငံအတွင်းမှာအမေရိကန် ပြည်ထောင်စုရဲ့ရင်းနှီးမြှုပ်နှံမှုက ထူးထူးကဲကဲမြင့်တက်လာနိုင်ပါတယ်။ ယနေ့အခြေအနေအထိကြည့်ရင် အိန္ဒိယ နိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုကတရုတ်နိုင်ငံမှာ ရှိတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုထက်သာ လွန်နေပါတယ်''လို့ သူမကပြောပါတယ်။ အမေရိကန်-အိန္ဒိယ စီးပွားရေးလုပ်ငန်းကောင်စီရဲ့စာရင်းများအရ အမေရိ ကန်ကုမ္ပဏီ ၃၀ ခန့်က ၂၀၁၅ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမှာ အမေရိ ကန်ဒေါ်လာ ၁၅  ဘီလီယံရင်းနှီးမြှုပ်နှံ ထားပါတယ်။ လာမယ့်နှစ်မှာ ကုမ္ပဏီ ၅၀၀ ကျော်က အိန္ဒိယနိုင်ငံမှာ အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံရင်းနှီးမြှုပ်နှံ မှာ ဖြစ်ပါတယ်။

International Trade News

Pages