မလေးရှားနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍမှာ အလုပ်အကိုင်ကျဆင်း

Fri, 03/25/2016 - 05:01 -- admin_ygn

မလေးရှားနိုင်ငံရှိ   ဆောက်လုပ်ရေးလုပ်ငန်း ကဏ္ဍရဲ့ အလုပ်အကိုင်အခြေအနေကို တန်ဖိုးအရ တွက်ချက်ရင် ၂၀၁၄ ခုနှစ်က ၁၆၇ ဘီလီယံရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း  ကျဆင်းကာ ရင်းဂစ် ၉၆ ဘီလီယံရှိ ခဲ့ကြောင်း  ဆောက်လုပ်ရေးလုပ်ငန်းဖွံ့ ဖြိုးရေးဘုတ်အဖွဲ့ရဲ့ ပဏာမအစီရင်ခံစာကို ကိုးကား ပြီး သည်စတားအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။မလေးရှားနိုင်ငံအတွင်း ရှိ အလုပ်အကိုင်အခြေ အနေကိုအရေအတွက် ပမာဏအရကြည့်ပါက ၂၀၁၄ ခုနှစ်မှာ အလုပ်အကိုင် ၇၈၅၃ ခုရှိရာမှ ၂၀၁၅ ခုနှစ် မှာ ၃၉ ရာခိုင်နှုန်း ကျဆင်းပြီး ၅၆၄၄ ခုအထိ ရောက်ရှိ ခဲ့ ပါတယ်။ ၂၀၁၅ ခုနှစ်မှာ စာချုပ်ချုပ်ဆိုဆောင်ရွက်  ခဲ့တဲ့ အလုပ်အကိုင်  ၅၆၄၄ ခုအနက် အစိုးရအလုပ် အကိုင်က ၁၃၉၁ နဲ့  ကျန် ၄၂၅၃ ခုက ပုဂ္ဂလိကကဏ္ဍ က စာချုပ်ချုပ်ဆိုဆောင်ရွက်တဲ့  အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးအစီရင်ခံစာက လာ မယ့် ဧပြီလမှထွက်လာ မှာ ဖြစ်ပါ တယ်။   နောက်ဆုံး အစီရင်ခံစာထွက်တဲ့အချိန်မှာ ယခုထက်ပိုပြီး အလုပ် အကိုင် အများကြီးကျဆင်းသွားမယ့်   လက္ခဏာမရှိ တော့ဘူးလို့  Master Builders Association Malaysia  ရဲ့ ဥက္ကဋ္ဌ မက်သူတီးက ခန့်မှန်းပါ တယ်။''စာရင်းတွေ  ပြန်လည်ပြုပြင်ခန့်မှန်းတွက်ချက် တဲ့အခါ အများကြီးကွာခြားမှုရှိမှာတော့ မဟုတ်ပါဘူး''  လို့ စတားဘစ်သတင်းဌာနကို   သူကပြောပါတယ်။ ဧကာဒသမမြောက် မလေးရှားစီမံကိန်း (11th Malaysia Plan)  အရ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို ၂၀၁၆ ခုနှစ်မှာ အကောင်အထည်ဖော်မှာ   ဖြစ်တဲ့ အတွက် ၂၀၁၆ ခုနှစ်အတွင်းမှာ အလုပ်အကိုင်တိုး တက်မှုက တန်ဖိုးအရရော အရေအတွက်အရပါ မြင့် တက်လာလိမ့်မယ်လို့   တီးက ခန့်မှန်းပါတယ်။ တိုး တက်မှုနှုန်းက ခုဂဏန်းနဲ့ တိုးတက်မယ်လို့လည်း ခန့် မှန်းပါတယ်။ မလေးရှား နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ် ငန်းက လွန်ခဲ့တဲ့သုံးနှစ်အတွင်း ဆယ်ဂဏန်းနဲ့ တိုး တက်မှုရှိခဲ့တာကို တွေ့ရပါတယ်။
ဆောက်လုပ်ရေးကုန်ကြမ်းတွေရဲ့   ဈေးက တည်ငြိမ်မှုရှိနေပြီး ယခုနှစ်အတွင်းမှာ ဆောက်လုပ် ရေးကုန်ကျစရိတ်တွေမြင့်တက်လာဖို့ အလားအလာ တော့မရှိဘူးလို့ တီးကပြောပါတယ်။မီးရထား လမ်း  Light Rail Transit-LRT)  စီမံကိန်း အတွက်   ဆောင်ရွက်နေပြီဖြစ်တဲ့ ပဏာမ လေ့လာတိုင်းတာရေးလုပ်ငန်းတွေက  ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်း တွေအတွက် ရင်းဂစ်သန်း  ၃၀၀ လောက်ရှိတဲ့လုပ်ငန်း တွေဖော်ထုတ်ပေးလိမ့်မယ်လို့လည်း ခန့်မှန်းထားပါ တယ်။

International Trade News

Pages