ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရန် အိန္ဒိယအစိုးရကကုန်သည်များထံမှ ကြက်သွန်နီ ၁၆၅၀ တန် ဝယ်ယူခဲ့

Thu, 03/28/2024 - 03:27 -- wtodep

အိန္ဒိယ၏ပို့ကုန်အဖွဲ့အစည်းဖြစ်သော အမျိုးသားပို့ကုန်သမဝါယမလီမိတက် (National Cooperative Export Ltd - NCEL) သည်ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်နီတင်ပို့ရန်အတွက် ပုဂ္ဂလိကကုန်သည်များထံ မှ တစ်ကီလိုလျှင် အိန္ဒိယရူပီး ၂၉ ဖြင့် တန်ချိန် ၁၆၅၀ ဝယ်ယူမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။

အိန္ဒိယက မီးဖိုချောင်သုံးပစ္စည်းများကို ဒီဇင်ဘာလ ၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ တင်ပို့ခြင်းမပြုရန် တားမြစ်မှုများအပြီး ယခုအကြိမ်သည် ၃ လအတွင်း ပထမဆုံးမီးဖိုချောင်သုံးပစ္စည်း တရားဝင်တင်ပို့မှု ဖြစ်လာနိုင်ကြောင်း၊ အိန္ဒိယသည် ပြည်တွင်း ကုန်ဈေးနှုန်းမြင့်တက်မှုကိုလျှော့ချရန် ကြက်သွန်နီတင်ပို့မှုကို ပိတ်ပင်ခဲ့ရာ ပြည်တွင်း၌ ကုန်ဈေးနှုန်းကျဆင်းခဲ့ပြီး တစ်ကမ္ဘာလုံး၌ အိန္ဒိယကြက်သွန်နီများ မရရှိခြင်းကြောင့် ကုန်စည်များပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ကြောင်း၊ အိန္ဒိယ၏ အမြဲတမ်းဖောက်သည်များဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ရမ်ဇာန်ရာသီ (Ramadan season) ဖြစ်သောကြောင့် ဝယ်လိုအားအထွတ်အထိပ်သို့ ရောက်ရှိနေပါကြောင်း၊ ပို့ကုန်တင်ပို့ခြင်းမှ ပိတ်ပင်ထားသည့် နောက်ပိုင်း ပုံမှန်အချိန်များ၌ ကုန်သွယ်မှု၏ ၅၀ % ကျော်ရှိ ကြက်သွန်နီအမြောက်အမြားကို ပြည်ပသို့တရားမဝင် တင်ပို့နေကြောင်း ပို့ကုန် လုပ်ငန်းရှင်များက အမျိုးသားပို့ကုန်သမဝါယမလီမိတက်သို့ စာဖြင့်အကြောင်းကြားထားပါသည်။

လက်ရှိတွင် မဟာရက်ရှထရာလက်ကားဈေး၌ ကြက်သွန်နီပေါက်ဈေးသည် တစ်ကီလိုလျှင် ရူပီး ၇ မှ ၁၆ ထိရှိပြီး နွေဦးရာသီ၌ ရိတ်သိမ်းမည့် ကြက်သွန်နီများကြောင့် ဈေးနှုန်းပိုမိုလျော့ကျနိုင်ပါသည်။ အမျိုးသားပို့ကုန်သမဝါယမလီမိတက်က ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချမည့် ကြက်သွန်နီဈေးနှုန်းကို မသိသော်လည်း လက်ရှိတွင်ဘင်္ဂလားဒေ့ရှ်၌ တစ်ကီလိုလျှင် ရူပီး ၈၀ မှ ၉၀ အတွင်း ရောင်းချနေသောကြောင့် သမဝါယမအသင်းအနေဖြင့် အမြတ်အစွန်းများစွာရရှိနိုင်ကြောင်း အတွင်းလူများကပြောကြားခဲ့ပါသည်။

ဇန်နဝါရီလမှ မတ်လအတွင်း ကမ္ဘာ့ဈေးကွက်တွင် အိန္ဒိယနိုင်ငံက အသာစီးရနေပြီး မေလ၌ အီဂျစ်နှင့်တူရကီနိုင်ငံတို့မှ သီးနှံအသစ်များ စတင်ပါက ကမ္ဘာတစ်ဝန်း ကြက်သွန်နီပြတ်လပ်မှုသည် ကုန်ဆုံးမည်ဟု သစ်သီးဝလံပန်းမန် ပို့ကုန်မြှင့်တင်ရေးကောင်စီ (HEPA) ၏ ဥက္ကဋ္ဌ Ajit Shah က ပြောကြားခဲ့ပါ သည်။

Source: https://economictimes.indiatimes.com

International Trade News

Pages