ဗီယက်နမ်နိုင်ငံတွင် ကင်ဆာရောဂါကြောင့် နှစ်စဉ် လူ ၇၅၀၀၀ ကျော် သေဆုံး

Tue, 05/03/2016 - 07:43 -- admin_ygn

ဗီယက်နမ်နိုင်ငံတွင်   ကင်ဆာ ရောဂါကြောင့်    သေဆုံးသူပေါင်း ၇၅၀၀၀ ကျော်ရှိပြီး   ကင်ဆာရောဂါ ဖြစ်ပွားနေပြီ ဟု  စတင်သိရှိသူပေါင်းမှာ တစ်သိန်းခွဲခန့်     ရှိနေပြီဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ    ကျန်းမာရေးဝန်ကြီး ဌာနမှ   တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ထုတ်ဖော်ပြောကြား ခဲ့သည်။ကင်ဆာရောဂါဖြစ်ပွားမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နှစ်ထက် တစ်နှစ်မြင့်တက်လျက်ရှိသကဲ့သို့ ဗီယက်နမ်နိုင်ငံတွင်လည်း ကင် ဆာ ရော ဂါဖြစ် ပွားမှုနှုန်းမှာ တစ်နှစ်ထက် တစ်နှစ်   မြင့်တက်လျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးPham Le Tuan က ပြောကြားခဲ့ခြင်းဖြစ်သည်။ဗီယက်နမ်နိုင်ငံ     အမျိုးသား ကျန်းမာရေး မဟာ ဗျူဟာစီမံကိန်းအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း ကင်ဆာ ရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ရေး တို့ကိုလုပ်ဆောင်ခဲ့ရာ အဆိုပါ ငါးနှစ် စီမံကိန်းကာလတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသူပေါင်း ၅၃၂၀၀၀ ကို တွေ့ ရှိခဲ့ရ သည်။ကျန်းမာရေး    ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့်ကင်ဆာရောဂါဆိုင်ရာ ဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးသူများ သည် ဗီယက်နမ်နိုင်ငံ၌ ကင်ဆာရောဂါ ကုသရာတွင် ကုန်ကျစရိတ်များပြားမှု များ၊ ကင်ဆာရောဂါသည် များအတွက် ကျန်းမာရေးအာမခံထားရှိမှုများ၊ ကင်ဆာ ရောဂါကုသရေးအတွက် ဆောင်ရွက် ထားရှိသည့်နည်းလမ်းများကို အဓိက ထား၍ ဆွေးနွေးခဲ့ကြကြောင်း ဗီယက် နမ်သတင်းဌာနက ထုတ်ဖော်ရေးသား ခဲ့သည်။
မယ်သီတာ

 

International Trade News

Pages