ဗီယက်နမ်နိုင်ငံက အကောက်ခွန်ပြုပြင် ပြောင်းလဲမှုများပြုလုပ်မည်

Wed, 02/10/2016 - 07:10 -- admin_ygn

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) ရဲ့ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ် (Trade Facilitation Agreement-TFA)  များကို ဆောင်ရွက်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်မှုစံနှုန်းများနဲ့အညီ နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှုလုပ်ငန်းတွေချော မွေ့စေဖို့အတွက် အကောက်ခွန်ပြုပြင်ပြောင်းလဲမှုများ ကို တိုးမြှင့်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဗီယက်နမ် အရာရှိတစ်ဦးက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံက လွတ်လပ်စွာ ကုန်သွယ်မှုသ ဘော တူစာချုပ်အမြောက် အမြားကိုအကောင်အထည်ဖော်တော့မှာဖြစ်တဲ့ အတွက် ဗီယက်နမ်နိုင်ငံအနေ နဲ့ အကောက်ခွန်ပြုပြင်ပြောင်းလဲမှုများကို  အဆောတလျင်ဆောင်ရွက်ဖို့ အရေးကြီးကြောင်းဗီယက်နမ်သတင်းအေ ဂျင်စီ ရဲ့သတင်းမှာ ဖော်ပြပါတယ်။TFAမှာ ကုန်ပစ္စည်းများရွှေ့ပြောင်းခြင်း၊ ထုတ်ပေးခြင်းနဲ့၊ အကောက်ခွန် ရှင်းလင်းခြင်းစတဲ့လုပ်ငန်းတွေ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရမယ့် ပြဋ္ဌာန်း ချက်တွေပါဝင်ပြီး ဗီယက်နမ် ကလက်မှတ်ရေးထိုးထားပြီး သို့မဟုတ် လက်မှတ်ရေးထိုးတော့မယ့် လွတ်လပ်စွာကုန် သွယ်မှုသဘောတူစာချုပ်တွေမှာ ပါဝင်တဲ့ ကတိကဝတ် တွေအကောင်အထည်ဖော်ရာမှာ ဗီယက်နမ်အတွက် ကောင်းမွန်တဲ့ အခြေအနေ တွေဖန်တီးပေးမှာဖြစ် ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန  လက် အောက်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဌာန ညွှန်ကြားရေးမှူး ငုယင်တိုအန်က ပြောပါ တယ်။ အကောက်ခွန်ရှင်းလင်းမှု မြန်ဆန်ဖို့နဲ့ သွင်းကုန်နဲ့ ပို့ကုန်ခွန်တွေကောက်ခံ ရာမှာဆုံးရှုံးမှုတွေမရှိဖို့အတွက် အကောက်ခွန်စီမံခန့်ခွဲမှုကို ခေတ်မီအောင်ဆောင် ရွက်မှုတွေကို အရှိန်မြှင့်ရမှာ ဖြစ်ပါတယ်။ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူစာချုပ်ကို ၂၀၁၃ ခုနှစ်က ကျင်းပခဲ့တဲ့ ဘာလီဝန်ကြီး အဆင့်ကွန်ဖရင့်မှာ ဒဗလျူတီအိုအဖွဲ့ဝင်နိုင်ငံတွေက ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ သဘောတူစာချုပ်ရဲ့ရည်ရွယ်ချက်က အကောက်ခွန်ဌာနနဲ့  အခြားသက်ဆိုင်ရာ အာဏာပိုင်တွေထိရောက်စွာ ပူးပေါင်းဆောင်ရွက်မယ့် အစီအမံတွေချမှတ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး နဲ့ အကောက်ခွန်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းဆောင် ရွက်သွားမှာဖြစ်ပြီးTFA အတွက် နည်းပညာဆိုင်ရာ ထောက်ပံ့မှုရဲ့စွမ်းဆောင်ရည်မြှင့်တင်ရေးတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

International Trade News

Pages