ပို့ကုန်မြှင့်တင်ရေးအတွက် တောင်ကိုရီးယားက ရင်းနှီးမြှုပ်နှံမှုများအား တိုးမြှင့်ရှာဖွေ

Wed, 02/24/2016 - 03:49 -- admin_ygn

          ရေနံစိမ်းဈေးနှုန်းတွေကျဆင်းမှု နဲ့ ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ပို့ကုန်တွေကျဆင်းနေတာကိုတွေ့ရပါတယ်။ ကျဆင်းနေတဲ့ ပို့ကုန်တွေမြှင့်တင်နိုင် ရေးအတွက်ကြိုးပမ်းမှုတစ်ရပ်အဖြစ် တောင်ကိုရီးယားနိုင်ငံက   စက်မှုလုပ်ငန်းသစ်တွေမှာကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေမယ့် အစီအမံတွေကိုဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့ကြောင်း  ယွန်းဟပ်သတင်းမှာဖော်ပြထားပါတယ်။ကြိုးနီစနစ်ကို ဖယ်ရှားခြင်းနဲ့ ကုမ္ပဏီတွေပင်လယ်ရပ်ခြားဈေးကွက် တွေကို ထိုးဖောက်နိုင်အောင် အကူ အညီပေးခြင်းဖြင့်လျှပ်စစ်ကားထုတ် လုပ်ရေးနည်းပညာသစ် ကဏ္ဍတွေမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဝမ် ၄၄ ထရီ လီယံရောက်ရှိအောင် စက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာနကအားပေးခဲ့ကြောင်း သမ္မတပတ်ဂွင်ဟေး သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ကုန်သွယ်မှု နဲ့ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး အစည်းအဝေးမှာ အဆိုပါ ဝန်ကြီးဌာနကပြောပါတယ်။ကုမ္ပဏီတွေ   ပြည်ပ ဈေးကွက်တွေကိုဝင်ရောက်ရာမှာအထောက်အကူပေးနိုင်ရေးအတွက်ထုတ်ကုန်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းနဲ့ ပို့ကုန်ခွင့်ပြုလက်မှတ်ထုတ်ပေးရာ မှာဥပဒေရေးရာနဲ့  စီမံခန့်ခွဲရေးရာ လုပ်ထုံးလုပ်နည်းတွေကို  လျှော့ခ ျပေးမှာ ဖြစ်ကြောင်း ရောင်းချရေးနဲ့ဖြန့်ဖြူး ရေးဆိုင်ရာနည်းဥပဒေတွေကို ရုပ် သိမ်းပေးမှာ ဖြစ်ကြောင်းဝန်ကြီးဌာနက ပြောပါတယ်။ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို ချောချောမွေ့မွေ့ အကောင်အထည်ဖော်နိုင်မယ်ဆိုရင်    တောင်ကိုရီးယား နိုင်ငံရဲ့ကုန်ထုတ်လုပ်မှုက  အမေရိ ကန်ဒေါ်လာ ၉၈ ဘီလီယံအထိ တိုး တက်လာပြီး   တန်ဖိုးကို နောက်ထပ် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံအထိ တိုးမြှင့်နိုင်မှာဖြစ်ကြောင်းနဲ့   အလုပ်အကိုင်သစ် ၄၁၅၀၀၀ အထိ ဖန်တီးနိုင် မှာ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါ တယ်။

International Trade News

Pages