နှစ်ဆန်းပိုင်းတွင် ဟောင်ကောင်စတော့ဈေးကွက်များကျဆင်း

Thu, 03/03/2016 - 03:50 -- admin_ygn

ဟောင်ကောင်၏ စတော့ဈေး ကွက်မှာ ၁၉၉၄ ခုနှစ်မှစ၍    ယခုနှစ် အထိ   တရုတ်နှစ်သစ်ကူးပွဲတော်အစ ပိုင်းတွင် အဆိုးရွားဆုံးအခြေအနေများ နှင့်ရင်ဆိုင်ခဲ့ရကြောင်းနှင့်  ထိုသို့ဖြစ် ပေါ်ရခြင်းမှာ  ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေး အပေါ်တွင် စတော့ဈေးကွက်အခြေ အနေမှာများစွာ တည်မှီနေ၍ဖြစ် ကြောင်းဖော်ပြထားပါသည်။ဟန်ဆန်း    အညွှန်းကိန်းမှာ နှစ်သစ်ကူးရုံးပိတ်ရက်များအပြီး ဈေး ကွက်ပြန်လည်ဖွင့်ချိန်တွင် ၃ ဒသမ ၈၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး၊ တန်ဖိုး အားဖြင့် ဟောင်ကောင်ဒေါ်လာ ၆၇ ဘီလီယံရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက် တွင်   အမေရိကန်တစ်ဒေါ်လာလျှင် ဟောင်ကောင်ဒေါ်လာ ၇ ဒသမ ၇၉၄၁ အထိကျဆင်းခဲ့သည်။ ဈေးကွက်ပြောင်းလဲ မှုများ  မြန်ဆန်စွာဖြစ်ပေါ်ရခြင်းမှာ စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ် သည့် ဂျပန်၊ ဥရောပနှင့်အမေရိကန်တို့ မှ ကျင့်သုံးသောငွေကြေးဆိုင်ရာမူဝါဒ များ မသေချာမှုနှင့်စနစ်အမျိုးမျိုးကွဲ ပြားမှုများကြောင့်ဖြစ်ကြောင်း ငွေကြေး အတွင်းဝန် CEAJER Chan Ka-Keung က ပြောကြားခဲ့သည်။ ၎င်းင်းအပြင် လိုက်လျောညီထွေစွာနှင့် အန္တရာယ် များကို သတိကြီးစွာထား၍ စီမံခန့်ခွဲရန် ရင်းနှီးမြှုပ်နှံသူများအား အကြံဉာဏ် ပေးခဲ့သည်။ ထူးခြားချက်မှာ HSBC  ၏ စတော့မှာ   ၅ ဒသမ ၄ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၄၉ ဒသမ ၅ ကျဆင်းခဲ့သည်။ ထိုသို့ကျ ဆင်းမှုကြောင့်   တရုတ်ပြည်မကြီးမှ ဘဏ်များနှင့်   အာမခံပေါ်လစီများ ထုတ်ရောင်းသည့် ကုမ္ပဏီများအနေ ဖြင့်အထိနာခဲ့ကြောင်း   ပြောကြားခဲ့ပါ သည်။Ten Cent   မှာ    ၅ ဒသမ ၆ ရာခိုင်နှုန်းနှင့်  ဟန်ဆန်းတရုတ်စီးပွား ရေးလုပ်ငန်းများ အညွှန်းကိန်းမှာ ၄ ဒသမ ၉ ရာခိုင်နှုန်း     ကျဆင်းခဲ့ပြီး  သြဂုတ်လမှစတင်၍ ယနေ့အထိ အဆိုး ရွားဆုံးဖြစ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်ထုတStandard  သတင်းစာတွင် ဖော်ပြထားပါသည်။သတင်းကောင်းမှာ  အလွန်နည်း ပါး ၍ သတင်းဆိုးမှာ စဉ်ဆက်မပြတ် ဖြစ်ပေ ါ်နေကြောင်း ဟောင်ေ ကာင် အိတ်ချိန်းနှင့်   စာရင်းရှင်းလင်းရေး အမှုဆောင်ချုပ် Charles Li Xiaojan ပြောကြားခဲ့ပြီး၊၎င်းမှာ ဈေးကွက်ယုံ ကြည်မှု၏   စမ်းသပ်ချက်တစ်ခုသာဖြစ် ကြောင်းနှင့်  နှစ်သစ်ကူးရုံးပိတ်ရက် အတွင်းMong Kokအတွင်းဖြစ်ပွား ခဲ့သော ဆူပူမှုအဓိကရုဏ်းမှာလည်း ဟောင်ကောင်၏  ပုံရိပ်ကို   များစွာ ထိခိုက်ခဲ့ပြီး စတော့ဈေးကွက်လုပ်ငန်း ဆောင်ရွက်မှုများတွင်  မလိုလားအပ် သော အကျိုးသက်ရောက်မှုများ ရှိနိုင် ကြောင်းChan   က ပြောကြားခဲ့ပါသည်။
၎င်းင်းအပြင်    ဟောင်ကောင် သာမက   အခြားအာဆီယံဈေးကွက် များတွင်လည်း   ဆုံးရှုံးမှုများရှိခဲ့ပြီး၊  ဆိုးလ်တွင်လည်း       သုံးရာခိုင်နှုန်းနီးပါး စင်ကာပူတွင် သုည ဒသမ ၈ ရာခိုင်နှုန်း၊ ဥရောပစတော့ဈေးကွက်မှာ သုံးရာခိုင် နှုန်းထက်ပိုမို၍ ကျဆင်းခဲ့ကြောင်း ပြော ကြားခဲ့ပါသည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဟောင်ကောင်မြို့

International Trade News

Pages