ဒေဝူးကုမ္ပဏီက ကမ္ဘာ့အကြီးဆုံးကွန်တိန်နာ ရေယာဉ်တည်ဆောက်

Mon, 01/19/2015 - 12:57 -- admin_ygn

   ကိုရီးယား Daewoo Shipping and Marine Engineering Co., Ltd က 'The MSC Oscar' အမည်ရှိ ကမ္ဘာ့အကြီးဆုံးကွန်တိန်နာရေယာဉ် (Containership) အားတောင်ပိုင်း ဂျိုဆန်ပြည်နယ်၊ ဂျိုဂျဲမြို့၊ Okpo တွင်တည်ဆောက်၍ ဇန်နဝါရီလ ၈ ရက်နေ့ကရေချခြင်းအခမ်းအနားပြုလုပ်ခဲ့သည်။ ယင်း ကွန်တိန်နာရေယာဉ်သည် China's Bank of Communication က ၂၀၁၃ ခုနှစ်အတွင်း ဆွစ်ဇာလန် Mediterranean Shipping Company က ချာတာရေယာဉ် ပြေးဆွဲရန်မှာကြားထားသော သင်္ဘောသုံးစီး အနက်မှ တစ်စီးဖြစ်သည်။
   The MSC Oscar သည် ဘောလုံးကွင်းသုံးကွင်းစာရှိပြီး၊ ကုန်တန်ချိန် ၁၉ç၂၂၄ TEU တင်ဆောင်နိုင်စွမ်းရှိသည်။ The MSC Oscar အား သဘာဝပတ်ဝန်းကျင်နှင့် အကိုက်ညီဆုံးနှင့် စွမ်းဆောင်ရည်အမြင့်ဆုံးရအောင်တည်ဆောက်ထားသည်။ ဆီစားနှုန်းသက်သာဆုံးဖြစ်အောင် ကျန် used fuel oil ပြန်လည်သန့်စင်အသုံးပြုနိုင်သည်ဟု သင်္ဘောတည်ဆောက်သည့် ကုမ္ပဏီကပြောဆိုသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages