ဒဗလျူတီအိုသမိုင်းရဲ့ ပထမဆုံးကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုရရှိ

Wed, 12/10/2014 - 15:08 -- admin_ygn

   နှစ်ပေါင်းများစွာ လိပ်ခဲတည်းလည်း   ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့   (ဒဗလျူတီအို) သမိုင်းရဲ့ ပထမဆုံးကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှု ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၇ ရက်မှာ ချမှတ်နိုင်ခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။
   ဒီလို သဘောတူညီမှုကိုရရှိတဲ့အတွက်  အကောက်ခွန်စစ်ဆေးမှုတွေနဲ့ နယ်စပ်ဖြတ်ကျော်မှု   လုပ်ထုံးလုပ်နည်းတွေအတွက် ဒဗလျူတီအိုကစံနှုန်းသစ်တွေချမှတ်ပေးနိုင်တော့ မှာဖြစ်ပါတယ်။  ကုန်သွယ်မှုလမ်းကြောင်းတွေ လွယ်ကူချောမွေ့သွားရင် ကမ္ဘာ့စီးပွားရေးမှာကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁ ထရီလီယံနဲ့အလုပ်အကိုင် ၂၁ သန်းကို ထပ်မံဖန် တီးပေးနိုင်လိမ့်မယ်လို့ ပညာရှင်တွေကပြောပါတယ်။
   ''ကျွန်တော်တို့   စေ့စပ်ညှိနှိုင်းမှု တွေကိုပြန်စနိုင်ပါတော့မယ်'' လို့ ၁၉ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ သဘောတူ ညီမှုကို ကုန်သွယ်မှုဆိုင်ရာသံတမန်တွေ က ချီးကျူးဂုဏ်ပြုခဲ့ကြ ပြီးနောက်ပိုင်းကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ ဒဗလျူတီအို ညွှန်ကြားရေးမှူးချုပ် ရောဘတ်တိုအဇယ်ဘယ်ဒိုကပြောပါ တယ်။
   ဒါပေမဲ့ ဒဗလျူတီအိုအဖွဲ့ဝင်တွေက နည်းလမ်းတွေရှာဖွေတွေ့ရှိနိုင်ဖို့အတွက် အနာဂတ်ကာလစေ့စပ်ညှိနှိုင်းမှုတွေကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း သဘော တူညီချက်ကို အကောင်အထည်ဖော်ဖို့ နောက်ထပ် ၁၇ နှစ်၊  ၁၈ နှစ် မစောင့်သင့်ကြောင်း သူကပြောပါတယ်။
   ဒါပေမယ့် ယခုသဘောတူညီချက်က ၂၀၀၁ ခုနှစ်က  ချမှတ်ခဲ့တဲ့ ဒိုဟာသဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။ ဒိုဟာသဘောတူချက်တစ်ခုလုံးလုံးကို အပြည့်အဝအကောင်အထည်ဖော်ရေးမှာ မဖြစ်နိုင်ကြောင်း  နောက်ဆုံးမှာတွေ့ရှိလာခဲ့ပါတယ်။ ဒါကြောင့် ဒဗလျူ တီအိုက မူလရည်မှန်းချက်တွေကိုလျှော့ချပြီး သေးငယ်တဲ့ အစိတ်အပိုင်းကလေးများကို သဘောတူညီမှုရအောင်ဆောင်ရွက်လာခဲ့ပါတယ်။
   နိုဝင်ဘာ ၂၇ ရက်က အတည်ပြု ခဲ့တဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်က ယခင်နှစ်ဒီဇင်ဘာက ဘာလီမှာပြုလုပ်ခဲ့တဲ့ဒဗလျူတီအိုအစည်းအဝေးမှာ သဘောတူထားတဲ့ အစီ အစဉ်ဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေ ကို ၂၀၁၅ ခုနှစ် ဇူလိုင်မှာ  ရေးဆွဲချမှတ်မှာဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages