တောင်ကိုရီးယားရှိ စားသောက်ဆိုင်များတွင် ဆေးလိပ်သောက်ခွင့်မပြု

Tue, 12/23/2014 - 09:41 -- admin_ygn

   ကိုရီးယားသမ္မတနိုင်ငံအတွင်း စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဘားများ၊ ဆိုက်ဘာကဖေးများနှင့် အခြားအများပြည်သူသုံးနေရာများတွင် ဆေးလိပ်သောက်ခြင်းကို ၂၀၁၅ခုနှစ်မှစတင်၍တားမြစ်သွားမည်ဖြစ်သည်။ လက်ရှိဥပဒေအရ စားသောက်ဆိုင်များ၏ အကျယ်အဝန်းသည် ၁၀၀ စတုရန်းမီတာထက်ကျယ်ဝန်းပါက ဆိုင်အတွင်း ဆေး လိပ်သောက်ခွင့်ပြုထားသည်။ ကိုရီးယားကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအဆိုအရဆေးလိပ်သောက်ခြင်း တားမြစ်ချက်အသစ်သည် နိုင်ငံတစ်ဝန်းရှိ စားသောက် ဆိုင်ပေါင်း ၆၀၀,၀၀၀ အပေါ်သက်ရောက်မှုကြောင်းသိရှိရသည်။
   တားမြစ်ချက်အသစ်ကို ချိုးဖောက်သူသည် ဝမ်တစ်သိန်း (ဒေါ်လာတစ်ရာခန့်) ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး၊ အီလက်ထရောနစ် စီးကရက်သောက်ခြင်းသည် လည်း ဆေးလိပ်သောက်ခြင်းတွင် အကျုံးဝင်ကြောင်း ယင်းဝန်ကြီးဌာနကဆိုသည်။ ဘားများ၊ ဆိုက်ဘာကဖေးများနှင့် ကော်ဖီဆိုင်များရှိ အလုံပိတ်ဆေးလိပ်သောက်ခန်းများကို လည်း ခွင့်ပြုတော့မည်မဟုတ်ချေ။အလုံပိတ်ဆေးလိပ်သောက်ခန်းထားရှိသော ဆိုင်ပိုင်ရှင်များသည် ဝမ် ၁ ဒသမ ၇ သန်းဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူးး
မြန်မာသံရုံး၊ ဆိုးလ်မြို့။

International Trade News

Pages