တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လျက်ရှိသော်လည်း ပြဿနာအချို့ ကျန်ရှိနေဆဲဖြစ်

Mon, 05/09/2016 - 08:44 -- admin_ygn

တောင်ကိုရီးယားနိုင်ငံအတွင်းရှိ နိုင်ငံခြား  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်က အမေရိ ကန်ဒေါ်လာ ၂၀ ဒသမ ၉ ဘီလီယံအထိ မြင့်တက်ခဲ့သော် လည်း ကိုရီးယားပြည်ပရင်းနှီးမြှုပ်နှံမှုအမေ ရိကန်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံ၏ ထက်ဝက်ခန့်သာ ရှိနေခဲ့ သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံ မှုသည် ပထမဆုံးအကြိမ်အဖြစ် ဘီလီယံ ဒေါ်လာ ၂၀ ကျော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်း များ တိုးတက်မှုသည် နိုင်ငံကို အထောက် အကူပြုသော်လည်း၊ နိုင်ငံခြား ငွေရရှိမှု သည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း၊ပြည်တွင်းဝယ်လိုအား များကို လှုံ့ဆော်တွန်းအားပေးနိုင်ခြင်းစသည်တို့ကို အထောက်အကူဖြစ်စေ နိုင်သည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ သည် ခေတ်မီနည်းပညာများရှိခြင်း၊ ခေတ်မီသည်စီမံခန့်ခွဲမှုနည်းပညာများ ရှိခြင်း စသည့်အချက်များနှင့် ပြည့်စုံပါ က ၎င်းင်းလုပ်ငန်းများ သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အတွက် ပြိုင်ဆိုင် မှုတစ် ရပ်ဖြစ်လာနိုင်ပြီး ပြည်တွင်းလုပ် ငန်းတည်ဆောက်မှုများကိုလည်း တိုး တက်လာစေနိုင်မည်ဖြစ်သည်။   နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုသညအလုပ်အကိုင်အခွင့်အလမ်းဖန်တီးခြင်းနှင့် လုပ်ငန်း သစ်များအတွက် လှုံ့ဆော်ဖန်တီးမှု များ ဖြစ်စေနိုင်ခြင်းကြောင့် ပြည်တွင်းစီးပွား ရေးအပေါ်တွင်   ကောင်းကျိုးသက် ရောက်မှုများဖြစ်ပေါ်စေနိုင်၍ နိုင်ငံစီး ပွားရေးတိုးတက်မှုကိုလည်း အထောက် အကူပြုနိုင်မည်ဖြစ်သည်။ကိုရီးယားနိုင်ငံအတွင်း ရှိ အဓိက စီးပွားရေး  အသင်းအဖွဲ့များအနေဖြင့် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမည့် ကိုရီးယား လူမျိုးများကို   ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အတွကအစီအမံများ ချမှတ်ဆောင် ရွက်သင့်ကြောင်း အစိုးရအား တောင်းဆို ခဲ့ကြသည်။ ၎င်းင်းတို့အနေဖြင့် ဆိုးလ်မြို့ တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်း လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန်လိုအပ်သည်ဟု အစိုးရထံ ဖိအားပေး တောင်းဆိုခဲ့ကြပြီး၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်များအတွက် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို ခွဲခြားဆက်ဆံ ခြင်းများ မရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်း တောင်းဆိုခဲ့ ကြသည်။ စီးပွားရေးလုပ်ငန်းများအနေ ဖြင့် အင်ချွန်းလွတ်လပ်သော စီးပွားရေး ဇုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ နှင့် ဖက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်မှု မရှိရခြင်းမှာ အဆိုပါဇုန်အတွင်းIndu-strial Complex မရှိခြင်း ကြောင့်ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံ သည် ပြည်တွင်းစီးပွားရေးလုပ်ငန်း များကို ခွဲခြားဆက်ဆံသည့်  တစ်ခုတည်းသောနိုင်ငံဖြစ်ကြောင်း စောဒက တက်လျက်ရှိနေဆဲဖြစ်သည်။

ခင်မျိုးသော်၊ စီးပွားရေးသံမှူး  
မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages