ဆိုးလ်မြို့တွင် ဟောင်ကောင်စီးပွားရေးသံမှူးရုံးဖွင့်မည်ဖြစ်

Tue, 12/09/2014 - 12:44 -- admin_ygn

   ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့တွင် လက်တွေ့လုပ်ငန်းဆောင်ရွက်နိုင်မည့် စီးပွားရေးနှင့်ကုန်သွယ်ရေးသံရုံး (defacto embassy) ဖွင့်လှစ်သွားရန် ဟောင်ကောင်က ရည် ရွယ်ထားသည်။ဟောင်ကောင်အမှုဆောင်အရာရှိချုပ် CY Leung  နှင့် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byunse တို့သည် နိုဝင်ဘာ ၂၆ ရက်နေ့က ဆိုးလ်မြို့ တွင် တွေ့ဆုံစဉ် ဆိုးလ်တွင် ဟောင်ကောင်စီးပွားရေးနှင့် ကုန်သွယ်ရေးသံရုံးဖွင့်လှစ်ရန် ရည်ရွယ်ချက်ကိုထုတ်ဖော်ပြောကြားခဲ့သည်။
  ဟောင်ကောင်သည် ဘာလင်၊ ဘရပ်ဆဲလ်၊ လန်ဒန်နှင့် နယူးယောက်မြို့များ အပါအဝင်ကမ္ဘာ့နိုင်ငံ အတော်များများတွင် စီးပွားရေးသံမှူးရုံး ၁၅ ရုံးအထိရှိသည်။ သို့သော် ဟောင်ကောင်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ယင်းစီးပွားရေးသံမှူးရုံးများသည် သံရုံးအဆင့် (full embassy status) ရရှိထားခြင်းမရှိချေ။ အာရှတိုက်တွင် စင်ကာပူနှင့် တိုကျိုတို့တွင် ဟောင်ကောင်စီးပွားရေး သံမှူးရုံးများရှိပြီး၊ တရုတ်(တိုင်ပေ)နှင့် တရုတ်ပြည်မကြီးသည်လည်း ဟောင်ကောင်စီးပွားရေးသံမှူးရုံးများ ကို လက်ခံဖွင့်လှစ်ခွင့်ပြုထားသည်ကိုတွေ့ရသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages