ငွေကြေးရိုက်နှိပ် ထုတ်ဝေခွင့် အာဏာကို တောင်ကိုရီးယား ဗဟိုဘဏ်က သတိထားအသုံးပြုမည်

Fri, 05/13/2016 - 06:56 -- admin_ygn

ကော်ပိုရေးရှင်းများ   ပြန်လည်ဖွဲ့ စည်းတည်ဆောက်မှုကို    အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ    ဗဟို ဘဏ်ရဲ့ ငွေကြေးရိုက်နှိပ်ထုတ်ဝေခွင့် အာဏာကို   ဂရုစိုက်  အသုံးပြုသွားဖို့ တောင်ကိုရီးယား   ဗဟိုဘဏ် BOK  အုပ်ချုပ်ရေးမှူး လီဂျူယောင်းက သတိ ပေးပြောကြားခဲ့ကြောင်း    ယွန်းဟပ် သတင်းမှာဖော်ပြပါတယ်။
လီက ဂျာမနီနိုင်ငံမှာ ကျင်းပနေ တဲ့ ၁၉ ကြိမ်မြောက် အာဆီယံ+၃ဘဏ္ဍာ ရေးဝန်ကြီးများနဲ့   ဗဟိုဘဏ်အုပ်ချုပ် ရေးမှူးများ အစည်းအဝေးကို တက် ရောက်လျက်ရှိပါတယ်။ တောင်ကိုရီး ယားနိုင်ငံရဲ့ ကော်ပိုရေးရှင်းများ ဖွဲ့စည်း မှုပြန်လည်တည်ဆောက်ရေး အစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဗဟိုဘဏ်ရဲ့ ငွေကြေးဆုံးရှုံးနိုင်မှု  အခြေအနေကို အနိမ့်ဆုံးဖြစ်အောင်  ထိန်းသိမ်းထားဖို့ဖြစ်ကြောင်း အဲဒီအစည်း အဝေးရဲ့ အလွတ်သဘော တွေ့ဆုံပွဲမှာ လီက သတင်းထောက်တွေကို ပြောပါ တယ်။ ''ငွေကြေးရိုက်နှိပ်ထုတ်ဝေနိုင်တဲ့ ဗဟိုဘဏ်ရဲ့ အခွင့်အာဏာကို အသုံး ပြုဆောင်ရွက်မယ်ဆိုရင် ကြောင်းကျိုးညီညွတ်ပြီးဘဏ်ရဲ့ငွေကြေးဆုံးရှုံး နိုင်မယ့်အခြေအနေ အနည်းဆုံးဖြစ် အော င် ဆောင်ရွက်ရပါမယ်။ ဒါကကျွန်တော်တို့ရဲ့အခြေခံမူဖြစ်ပါတယ်'' လို့ လီကပြောပါတယ်။ဒီလိုရိုက်နှိပ်ထုတ်ဝေမယ့်အစား ဘဏ်ရဲ့   မတည်ရင်းနှီးငွေ ပြန်လည် ဖြည့်ဆည်းရေးရန်ပုံငွေကို    အသုံးပြုဖို့ လိုကြောင်း၊ ဘဏ်တွေရဲ့   ကြံ့ခိုင်မှုနဲ့ တိုင်းပြည်စီးပွားရေး အထောက်အကူ ပြုမှုစွမ်းဆောင်ရည်ကို   မြှင့်တင်ပေးဖို့ ၂၀၀၉ ခုနှစ်က  ဆောင်ရွက်ခဲ့တဲ့  ရန်ပုံ ငွေသုံးစွဲမှုကိုရည်ညွှန်းပြီး သူကပြောပါ တယ်။

International Trade News

Pages