ကိုရီးယား-သြစတြေးလျ၊ ကိုရီးယား- ကနေဒါ FTA များအား ကိုရီးယားလွှတ်တော်ကအတည်ပြုခဲ့

Mon, 01/12/2015 - 14:29 -- admin_ygn

  ကိုရီးယား အမျိုးသားလွှတ်တော်က ကိုရီးယား-သြစတြေးလျနှင့် ကိုရီးယား-ကနေဒါ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်များ (FTAs) များကို ဒီဇင်ဘာ ၂ ရက်က အတည်ပြုခဲ့သည်။ ယင်း FTAs ဥပဒေမူကြမ်း နှစ်ခု အား စက်တင်ဘာလ ၁၆ ရက်နှင့် အောက်တိုဘာလ ၁ ရက် တို့က အသီးသီးတင်ပြထားခဲ့ခြင်းဖြစ်သည်။ အတည်ပြု ပြီးဖြစ်သော FTAs များသည် အတည်ပြုပြီးနောက် ရက်ပေါင်း ၃၀ အကြာတွင်စတင်သက်ဝင်မည်ဖြစ်သည်။
   ဂျပန်-သြစတြေးလျ FTA အား  ဂျပန်အမျိုးသား ဒိုင်းယက်လွှတ်တော်မှ နိုဝင်ဘာလ ၇ ရက်က အတည်ပြုခဲ့သဖြင့် ကိုရီးယားအစိုးရအနေဖြင့် ကိုရီးယား အမျိုးသားလွှတ်တော် က ကိုရီးယား-သြစတြေးလျ  FTA ကို အတည် ပြုပေးမည်လားဆိုသည်ကို  စိုးရိမ်နေခဲ့ကြရသည်။
   ကိုရီးယား-သြစတြေးလျ  FTA ကိုအတည်ပြုလိုက် ခြင်းဖြင့်ကိုရီးယားအစိုးရအနေဖြင့် ပို့ကုန်တန်ဖိုး ဒေါ်လာ  ၄၆၀ မီလီယံ လျော့နည်းသွားဖွယ်ရှိသည်ဟုခန့်မှန်းထားသည်။ သို့သော်လည်း ကိုရီးယား-သြစတြေးလျ FTA ကိုအချိန်ကိုက်အတည်ပြုခဲ့ခြင်းဖြင့် နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ဂျပန် နိုင်ငံနှင့်ကုန်သွယ်မှုထက် ပိုမိုသွက်လက်လာဖွယ်ရှိ သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages