ကိုရီးယားကုမ္ပဏီများ ဗီယက်နမ်တွင်အများအပြားရင်းနှီးမြှုပ်နှံ

Tue, 12/09/2014 - 12:46 -- admin_ygn

   ကိုရီးယားကုမ္ပဏီများသည် ယခုနှစ်အတွင်း ဗီယက်နမ်တွင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဗီယက်နမ်မီဒီယာများကဖော်ပြခဲ့သည်။ ယင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏသည် ယခုနှစ်အတွင်းဆောင်ရွက်သော ကိုရီးယားတစ်နိုင်ငံလုံး၏ FDI ပမာဏ၏ ၄၀ ရာခိုင်နှုန်းတိတိရှိသည်။ ဗီယက်နမ်နိုင်ငံတွင် ကိုရီးယားပြီးလျှင် စင်္ကာ ပူနှင့် ဂျပန်နိုင်ငံတို့သည်လည်း ရင်းနှီးမြှုပ်နှံမှုအများအပြားလုပ်ဆောင်နေသည့် နိုင်ငံများဖြစ်သည်။
   အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြားဝင်ရောက်နေခြင်းမှာ ဗီယက်နမ်နိုင်ငံ၏ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ များက သက်ဆိုင်ရာအခွန်များလျှော့ပေါ့ပေးနေခြင်းနှင့် ဗီယက်နမ်နိုင်ငံနှင့်ကပ်လျက် စီးပွားရေးအင်အားကြီးနိုင်ငံ တရုတ်နိုင်ငံအတွင်းလုပ်အားခများနှင့် နှိုင်းယှဉ်လျှင် ပိုမိုသက် သာခြင်း တို့ကြောင့်ဖြစ်ကြောင်းသုံးသပ်နိုင်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့
 

International Trade News

Pages