ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်သည့် အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာအား တစ်လလျှင် ရူပီး တစ်သောင်း သတ်မှတ်ရန် အမိန့် ထုတ်ပြန်ဆောင်ရွက်မည်

Wed, 05/18/2016 - 08:45 -- admin_ygn

ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက် သည့်  အလုပ်သမားများ၏  အနိမ့်ဆုံး လုပ်ခလစာအား တစ်လလျှင် ရူပီးတစ် သောင်း သတ်မှတ်ရန်  ဗဟိုအစိုးရမှ  မကြာမီ Executive Order ဖြင့်  အမိန့် ထုတ်ပြန်  ဆောင်ရွက်မည်ဖြစ်ေ ကြာင်း၊    အလုပ်သမားနှင့် အလုပ်အကိုင်ဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး  Bandaru Datt-atreya က ဧပြီ ၁၇ ရက်တွင်  ပြောကြားထားကြောင်း သိရသည်။ဗဟိုအစိုးရ အနေဖြင့်  အလုပ် သမားဥပဒေ များကို ပြုပြင်ပြောင်း လဲရန် နှင့် အနိမ့်ဆုံးလုပ်ခလစာအား အားလုံး နဲ့  အကျုံးဝင်သည့်   လစာအဖြစ်သို့ တိုးတက်ဆောင်ရွက်နိုင်ရန်  ကြိုးပမ်း လျက်ရှိကြောင်း၊  ထိုသို့  ဆောင်ရွက်ရန် လွှတ်တော်အတွင်းရှိ အတိုက်အခံအုပ်စု မှ ပူးပေါင်းခြင်း မရှိ သည့်အတွက် လက်ရှိ အာဏာရအစိုးရအနေဖြင့် executive Order  ဖြင့် ထုတ်ပြန်ဆောင်ရွက်မည်ဟု Dattatreya  က  ပြောကြားခဲ့ကြောင်း၊ လွှတ်တော်သည် သင့်တင့်စွာ လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိသောကြောင့် ၎င်းင်းတို့ အနေဖြင့်မစောင့်မဆိုင်းတော့ဘဲ အလုပ် သမားများ အကျိုးစီးပွားအတွက်  exe-cutive Order    အချို့ကို    ထုတ်ပြန် ဆောင်ရွက်လိုခြင်းဖြစ်ကြောင်း   သိရ ပါ သည်။စာချုပ်ချုပ်ဆိုဆောင်ရွက် မည့် သူ အားလုံးသည်  အလုပ် သမားဝန်ကြီးဌာန တွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ တီလန်ဂါနာ  ပြည်နယ်နဲ့ အန်ဒရာပရာ ဒေ့ရှ်ပြည်နယ်တို့တွင်  တစ်လလျှင် ရူပီး၈၅၀၀ သာရ ရှိနေကြ သည့် သန့်ရှင်းရေး အလုပ်သမား   တစ်သိန်းကျော်သည် လည်း အကျိုး ကျေးဇူးရရှိ ခံစားရတော့ မည်ဖြစ် ကြောင်း၊ထို့ပြင်ကုဋေပေါင်းများ စွာ သော  အလုပ် သမားများသည်လည်း အနိမ့်ဆုံးလုပ်ခ လစာ၏  အကျိုးကျေးဇူး များကို ရရှိခံစား ရတော့မည်ဖြစ်သည်ဟု အလုပ်သမားဝန်ကြီးက  ပြော ကြား ထား ကြောင်းသိရပါသည်။
   
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး  
မြန်မာသံရုံး၊ နယူူူးဒေလီမြိ

International Trade News

Pages