ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါး ဈေးနှုန်းတည်ငြိမ်၍ ပုံမှန်အရောင်းအဝယ်ဖြစ်

Fri, 12/30/2016 - 03:36 -- admin_ygn

        ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်၌ ယခုရက်ပိုင်းအတွင်း ဈေးကွက်ဝယ်လိုအား မြင့်တက်မှုမရှိတဲ့အတွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်ဟောင်းလက်ကျန်မှာလည်း ယခင်ထက် လျော့နည်းကာ ဈေးကွက်တွင် ဆန်ဟောင်း/ဆန်သစ် ပုံမှန်အရောင်းဝယ်လျက်ရှိကြောင်း လက်ရှိပေါ်ဆန်း စပါးအဟောင်းဈေးမှာ၄၆ပေါင် တင်း၁၀၀ ကို ပုသိမ်၊ ငပုတော၊ မော်ကျွန်း၊    လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ကျပ် ၇ သိန်း ဝန်းကျင်ဈေးနှင့်ဆန်အဟောင်းတစ်အိတ်လျှင် ကျပ် ၃၅၀၀၀-၃၆၀၀၀ နှင့်ပေါ်ဆန်းစပါးအသစ်ဈေးမှာ ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်ကျွန်း၊ မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လ တ်၊ ဒေးဒရဲမြို့နယ်များတွင် ကျပ်ခြောက်သိန်းခွဲမှ ကျပ်ခုနစ်သိန်းဝန်းကျင် ဈေးနဲ့ ဆန်တစ်အိတ်လျှင် ကျပ် ၂၇၀၀၀ မှ ၂၉၅၀၀ နှင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ဈေးကွက်မှသိရပါတယ်။
        ဧည့်မထမိုးစပါးဟောင်း၄၆ပေါင် တင်း ၁၀၀ ကို ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များတွင် ကျပ် ၄၂၀၀၀၀ မှ ၅၀၀၀၀၀ ဝန်းကျင်ဈေးနှင့် ဆန်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ မှ ကျပ် ၂၂၀၀၀ ဈေးနှုန်းရှိကြောင်း၊ ဧည့်မထ မိုးစပါးအသစ် ၄၆ ပေါင်တင်း ၁၀၀ကို တိုင်းအတွင်းမြို့နယ်၂၃မြို့နယ်တွင် ကျပ်၄၈၀၀၀၀မှ၅၀၀၀၀၀ ဝန်းကျင်ဈေးနှင့် ဆန်အသစ်တစ်အိတ်လျှင်ကျပ် ၁၆၀၀၀ မှ ၁၉၅၀၀ ဝန်းကျင် အ တွင်း ဆန်စပါးအရည်အသွေး၊ ဈေးကွက်ဖွံ့ဖြိုးမှုပေါ်မူတည်၍ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းဈေးကွက်သတင်းများအရ သိရပါတယ်။

 

 

မင်းမင်းဦး(ပုသိမ်)

Local Trade News

Pages