အမေရိကန်ပြည်ထောင်စုသို့တင်သွင်းသည့် လယ်ယာထွက်ကုန်အမယ်တချို့တွင် အသုံးပြုသည့် Florpyrauxifen-benzyl ပိုးသတ်ဆေးပါဝင်မှု MRLs( Maximum Residue Limits) ပြောင်းလဲ

Tue, 10/31/2017 - 04:12 -- admin_ygn

       Tolerances for Residues of Florpyrauxifen-benzyl နှင့်ပတ်သက်၍ Final Rule သတ်မှတ်ခဲ့မှုအား အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ Committee on Sanitary and Phytosanitary Measures သို့ အောက်တိုဘာလ ၁၂ ရက်တွင် Notification အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ Notification တွင် ဖော်ပြထားချက်အရ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော  ကုန်စည်များဖြစ်သည့် ဆန် ၊ စပါး ၊ ငါး (Fresh water Finfish) ၊ ကဏန်း (Shellfish) နှင့် ခရု (Shellfish)တို့တွင်  Florpyrauxifen-benzyl ပိုးသတ်ဆေးပါဝင်နှုန်းများနှင့်ပတ်သက်၍ Final Rule သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ Final Rule တွင် ပိုးသတ်ဆေးပါဝင်မှုနှုန်းများမှာ -
     ထိုကဲ့သို့ အမေရိကန်ပြည်ထောင်စုနိုင်ငံ၏ Final Rule သတ်မှတ်ခဲ့ခြင်းသည် ကုန်သွယ်မှုအဖွဲ့ဝင်နိုင်ငံများအားလုံး (All Trading Partners)အတွက် အစားအသောက်ဘေးကင်းလုံခြုံစေရန် ရည်ရွယ်ချက်ဖြင့် ပြင်ဆင်သတ် မှတ်ခဲ့ခြင်းဖြစ်ပါတယ်။  အဆိုပါပြင်ဆင်သတ်မှတ်ခဲ့သည့် ၤFinal Rule ကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၆ ရက်မှစတင်၍ ပြောင်းလဲကျင့် သုံးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ မိမိတို့နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူတောင်သူ များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ပြည်ပတင်ပို့သူများအနေနဲ့ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ website www.wto.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါတယ်။

 

စုသက်နှင်း(WTO ဌာနခွဲ)

Local Trade News

Pages