ရန်ကုန်ကားဈေးကွက် ဈေးမကျသော်လည်းအရောင်း အဝယ်ရှိလာ

Wed, 10/19/2016 - 07:12 -- admin_ygn

        သီတင်းကျွတ်ကာလအတွင်း ရန်ကုန်မြို့ ကား ဈေးကွက် အခြေအနေမှာ ယခင်ရက်သတ္တပတ်များ နှင့်စာလျှင် အရောင်းအဝယ်ပြန်ရှိလာပြီး ကားအရောင်း စင်တာများတွင်လည်း အမေးရှိလာကြောင်း သိရှိရသည်။ သီတင်း ကျွတ် ကျောင်းပိတ်ရက်ကာလနှင့် တိုက်ဆိုင်နေသဖြင့် ကားပွဲစားတန်းများနှင့် အခြားနေရာများတွင် လူ အဝင်၊ထွက် ကျဲပါးပုံရှိနေသော်လည်း အချင်းချင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် လက်သိပ်ထိုးအရောင်းများဖြင့် အရောင်းအဝယ် များ ရှိနေကြောင်း၊ ကျောင်းပိတ်ရက်များရှိသဖြင့် နယ်ဝယ်လက်များဆင်းလာကာ ရန်ကုန်မြို့တွင် ဝယ်စီးသမားများလည်း ပြန်ရှိလာသဖြင့် ယခုတလော အရောင်းအဝယ်မဆိုးလှကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော် က ေြ ပာသည်။ ယခုလလဆန်းပိုင်းတွင် ရန်ကုန်မြို့တော် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ခရီးသည်တင်ယာဉ်များ အဆင့်မြှင့်တင်ရာမှ ယာဉ်အိုယာဉ်ဟောင်း ဘတ်(စ်)ကားများ ပြန်လည်အပ်နှံသွားရေး ဆောင်ရွက်ရာတွင် ယာ ဉ်ပိုင်ရှင်များ နစ်နာမှုမရှိစေရေးအတွက် အပ်နှံ ဘတ်(စ်)ကားများအစား လူစီးယာဉ်တင်သွင်းခွင့်ပြု မည်ဟု သတင်းထုတ်ပြန်ခဲ့သဖြင့် သိန်း ၁၀ဝ အထက် သိန်း ၁၂၀ နီးပါးရောက်ရှိနေသော ယာဉ်ဟောင်းအပ်နှံ စလစ်ဈေးနှုန်း ပြ န်လည်ကျဆင်းလာကာ ယခုဆို လျှင် ၁၀၆ သိန်း၊ ၁၀၇ သိန်းခန့်သာရှိတော့ကြောင်း၊ ယခုနှစ်ကုန်လျှင် စည်းကမ်းသတ်မှတ်ချက်အတိုင်း တင်သွင်းရာနိုင်ငံသို့ ပြန်ပို့ရမည့်ကားများ အရေအတွက် များများကျန်ရှိနေသေးသော် လ ည်း ပြည်ပမှထပ်မံတင်သွင်းကားများ ဒေါ်လာဈေး၊ ယန်းဈေးကြီးမြင့်မှုကြောင့် ထပ်မံတင်သွင်းမှု နည်းသွားရာမှ အခြေအနေအရပ်ရပ်ကြောင့် လတ်တလော စလစ်ဈေးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်နှစ်ကုန်ခါနီး ရောက်ေ လ စလစ်ဈေးမြင့်လေ ပြန်လည်ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကြောင်း ၎င်းတို့ မှ ပြောသည်။၂၀၁၆ ခုနှစ် ကုန်ဆုံးရန်လက်ကျန်နှစ်လခန့်သာ ကျန်ရှိတော့သဖြင့် ကားလောကအတွင်းရှိ လူများမှာ ၂၀၁၇ ခုနှစ် ထုတ်ပြန်မည့် ေ မာ်တော်ယာဉ် မူဝါဒအသစ်ကိုစိတ်ဝင်စားနေပြီး ကားဈေးပိုမိုမြင့်တက်လာနိုင်သည်ဆိုသည့် အကြားသတင်းများကြောင့် လတ်တလောလိုအပ်သူများအချိန် မစောင့်ဆိုင်းနိုင်တော့ဘဲ ဝယ်ယူစီးနင်းမှုရှိလာသဖြင့် အင်ဂျင်ပါဝါကြီး အလယ်အလတ်ကားများဖြစ်သော ပါဂျဲရိုး၊ ပါရာဒို၊ ကလူဂျာ၊ အာလ်ဖတ်၊ ဝှစ်ရှ် စသည့် ကားများနှင့် ဟွန်ဒါဖစ်၊ အေဒီဗင်၊ ပရိုဘောက်၊ မာဇဒါကားလေးများ အရောင်းအဝယ် ပြန်ရှိလာကြောင်း သိရသည်။

 

SN

Local Trade News

Pages