မုံရွာဆီထွက်သီးနှံဈေးကွက် ပြည်ပဝယ်လက်ပါးလို့ ဈေးငြိမ်

Thu, 08/25/2016 - 07:53 -- admin_ygn

        မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ  မြေပဲလုံးဆန်အနေနဲ့ နယ်အဝင်ပါးလို့ ပစ္စည်း လက်ကျန်နည်း၊ ပစ္စည်းကောင်းလည်း နည်းတဲ့အတွက် တရုတ်ဝယ်လက် ပါးသွားခဲ့တယ်လို့ ဈေးကွက်မှ  သိရပါတယ်။ ယခုတစ်ပတ်အတွင်း မြေပဲလုံးဆန် (နီ) တစ်ပိဿာ ၂၆၅၀ ကျပ်၊ လုံးဆန် (ဖြူ) တစ်ပိဿာ ၂၆၀၀ ကျပ်နဲ့ ဆီဆန်တစ်ပိဿာ ၂၁၂၅ ကျပ်အထိ ဈေးအမြင့်ဆုံးပေါက်ခဲ့ပြီး၊ ဒေသတွင်း ဆားလှော်သမားနဲ့ လက်လီပုံမှန် ဝယ်လို အားရှိလို့ တစ်ရက်တင်း ၃၀၀ မှ ၅၀၀အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ တရုတ်ဝယ်လက်က တစ်ရက် အိတ် ၁၅၀ခန့် ရှိခဲ့တယ်လို့ ဒိုင်ရပ်ကွက် က ဆိုပါတယ်။ ဆီဆန်ကတော့ ဝယ်လိုအား ကောင်းကာ တစ်ရက် အိတ် ၃၀၀၀ ခန့် ဖြစ်ခဲ့ပြီး၊ လိုအပ်ချက်အရ မန္တလေးက ဆွဲဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။
         ယခုတစ်ပတ် နှမ်းဈေးကွက်မှာတော့ တရုတ် ဝယ်လက် အဆွဲရှိလို့ နှမ်းနက်ဈေး အနည်းငယ်မာခဲ့ ရာ တစ်တင်း ၅၁၅၀၀ ကျပ်အထိ အမြင့်ဆုံးပေါက်ခဲ့ပြီး၊ တစ်ရက် အိတ် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ နှမ်းဖြူကတော့ တစ် တင်း ကျပ် ၃၁၅၀၀ ထိ အမြင့်ဆုံးပေါက်ပြီး တစ်ရက် အိတ် ၁၀၀ခန့်နဲ့  နှမ်းညို တစ်တင်း ကျပ် ၂၅၀၀၀ ဝန်းကျင် ပေါက်ပြီး၊ အိတ် ၂၀၀ ခန့် အရောင်းအဝယ် အသီးသီးဖြစ်ခဲ့တယ်လို့ မုံရွာ ကုန်စည်ဒိုင် ရပ်ကွက်က သိရပါတယ်။

 

ထွန်းလှိုင် (မုံရွာ)

Local Trade News

Pages