မုံရွာဆီထွက်သီးနှံဈေးကွက်ကျဈေးနဲ့ အရောင်းအဝယ်သွက်လာ

Mon, 09/26/2016 - 07:31 -- admin_ygn

     မုံရွာကုန်စည်ဒိုင်ရဲ့စက်တင်ဘာ တတိယပတ် ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဆန်မျိုးစုံနဲ့ နှမ်းမျိုးစုံပါ ကျဈေး ဖြစ်ပေါ်ခဲ့ပေမယ့် နယ်ဝယ်လက်နဲ့ ဒေသတွင်း ဝယ်လိုအား မြ င့်လာလို့ အရောင်းအဝယ် အနည်းငယ်သွက်လာ တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးကွက်မှာ မြေပဲလုံးဆန်နီ(တစ်ပိဿာ )   ၂၀၇၅ ကျပ် အမြင့်ဆုံးေ ပါက်ခဲ့ပြီး ဆီဆန်အသန့်ကို   ရန်ကုန်ဝယ်လက် များက   အဝယ်လိုက်လာတဲ့အတွက်  အိတ် ၂၀ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ လုံးဆန်(ဖြူ) ကတော့ တစ်ပိဿာ ၂၀၂၅ ကျပ် အထိ  ကျဆင်းသွားပြီး ဒေသတွင်း ဆားလှော်သမားတွေ  ဝယ် လိုအားမြင့်လို့ တစ်ရက်ကို အိတ် ၃၀ဝ မှ ၄၀ဝ ခန့်အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ မြေပဲဆီဆန်အနေနဲ့ တစ် ပိဿာ ၁၇၅၀ ကျပ်၊ ၁၇၀ဝ ကျပ်အထိ ကျဈေးဖြစ်ခဲ့ကာ ဒေသခံဆီစက်ဝယ် လိုအားအရ တစ်ရက်ကို အိတ် ၂၀ဝ မှ ၃၀ဝ ခန့်  အရောင်းအဝယ်သွက်လာ တယ်လို့ ဒိုင်ရပ်ကွက်က သိရ ပါတယ်။
      နှမ်းဈေးကွက်မှာလည်း ဆက်လက်ဈေးငြိမ်ခဲ့ရာ နှမ်းဖြူတစ်တင်း ၂၉၀ဝ၀ ကျပ်၊ အမြင့်ဆုံးပေါက်ဈေးနဲ့ အလှော်သမားဝယ်လက်က တစ်ရက် အိတ် ၁၀ဝ ခန့်၊ နှမ်းဝါ  တစ် တင်းကို ၂၄၅၀ဝ နဲ့ အမြင့်ဆုံးပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်ကို အိတ် ၅၀ မှ ၁၀ဝ ခန့်၊ နှမ်းနီ  တစ်တင်းကို ၂၁၅၀ဝ ကျပ်၊ နှမ်းညို တစ်တင်းကို ၂၃၅၀ဝ ကျပ် အသီးသီး အမြင့်ေ ဈးပေါက်ခဲ့ပြီး ဆီသမားအဝယ်ကြောင့် တစ်ရက်အိတ် ၂၀ဝ ခန့်နဲ့ နှမ်းနက်တစ်တင်း အမြင့်ဆုံး ၄၃၀ဝ၀ ကျပ်ဈေးအထိ ပေါက်ခဲ့တယ်။ တရုတ်ဝယ်လက်ရှိလို့ တစ်ရက်အိတ် ၂၀ဝ ခန့် အရောင်းအဝယ်သွက်လာခဲ့ တယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။

 

ထွန်းလှိုင်-မုံရွာ

Local Trade News

Pages